Latest News

Home / စီးပွားရေးသတင်းများ / ရန်ကုန်မြို့၊ သီလဝါစက်မှုဇုန်အနီးတွင် သဘာဝဓါတ်ငွေ့သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ခွင့် လုပ်ငန်းကို Marubeni Corporation, Sumitomo Corporation, Mitsui & Co., Ltd. အစရှိသည့် ဂျပန်ကုမ္ပဏီကြီးများက ခွင့်ပြုမိန့်ရရှိထားပြီး မြန်မာနိုင်ငံတွင် အကြီးဆုံးသော ဂျပန်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်လာမည်

ရန်ကုန်မြို့၊ သီလဝါစက်မှုဇုန်အနီးတွင် သဘာဝဓါတ်ငွေ့သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ခွင့် လုပ်ငန်းကို Marubeni Corporation, Sumitomo Corporation, Mitsui & Co., Ltd. အစရှိသည့် ဂျပန်ကုမ္ပဏီကြီးများက ခွင့်ပြုမိန့်ရရှိထားပြီး မြန်မာနိုင်ငံတွင် အကြီးဆုံးသော ဂျပန်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်လာမည်

လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနက ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် LNG to Power စီမံကိန်းအား မြန်မာ-ဂျပန် Government to Government စီမံကိန်းအဖြစ် ဆောင်ရွက်နိုင်ရန်အတွက် ပဏာမအကြိုလုပ်ငန်းစဥ်များဖြစ်သည့် စီမံချက်ရေးဆွဲခြင်း၊ ဒီဇိုင်းထုတ်ခြင်း၊ ခွင့်ပြုမိန့်လျှောက်ထားခြင်းနှင့် အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်ရန် Notice to Proceed ကို နေပြည်တော်တွင် အခမ်းအနားပြုလုပ် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့် ကုန်ကျမည့် အဆိုပါစီမံကိန်းတည်ဆောက်ရန်အတွက် Marubeni Corporation, Sumitomo Corporation, Mitsui & Co., Ltd စသည့် ဂျပန်ကုမ္ပဏီများက ရရှိထားပြီး မြန်မာနိုင်ငံတွင် အကြီးဆုံးဂျပန်ရင်းနှီးမြှုပ်နှံမှုတခု ဖြစ်လာမည်ဟု သိရသည်။ မြန်မာနိုင်ငံတွင်းတွင်မူ Eden Group of Companies နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ဒီဇိုင်းရေးဆွဲခြင်းနှင့် ဓာတ်အားရောင်း၀ယ်ရေးစာချုပ်များ ညှိနှိုင်းရန်အတွက် ၁ နှစ်ခွဲမှ ၂ နှစ်အထိ ကြာမြင့်နိုင်မည်ဟု ခန့်မှန်းထားပြီး စီမံကိန်းတည်ဆောက်ပြီးစီးရန်အတွက် နောက်ထပ် ၂ နှစ်ခန့် ကြာမြင့်မည်ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် ဓာတ်အားထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားသော ၎င်းဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုစွမ်းရည်မှာ ၁၂၅၀ မီဂါ၀ပ်ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းနှင့် ညီမျှသည်။
သဘာ၀ဓာတ်‌ငွေ့သည် ကျောက်မီးသွေးထက် တန်ဖိုးပိုနည်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုမှာလည်း ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ ထက်၀က်ခန့်သာရှိသောကြောင့် အရှေ့တောင်အာရှတွင် LNG Gas လိုအပ်ချက်မှာ ပိုမိုမြင့်မားလာလျက်ရှိသည်။
ယခုအခါ မြန်မာနိုင်ငံတွင် အခြားသဘာ၀ဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးလုပ်ငန်းများကို ကျောက်ဖြူ၊ မီးလင်းချိုင်၊ အလုံ၊ ကန်ဘောက် အစရှိသည့် ဒေသများတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်လျက်ရှိသည်။
#Ref: EPGE Myanmar , 日経経済新聞、NikkeiAsiaReview
#Photo Credit to Power Technology.
This is a photo of Futtsu LNG Power Station in Japan
Image may contain: outdoor and water