Latest News

Home / စီးပွားရေးသတင်းများ / အစိုးရကဖိတ်ခေါ်ခြင်းမရှိဘဲ မိမိဆန္ဒအလျောက်တင်သွင်းသည့် စီမံကိန်းအဆိုပြုလွှာများ ယှဥ်ပြိုင်တင်ဒါခေါ်ယူမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း

အစိုးရကဖိတ်ခေါ်ခြင်းမရှိဘဲ မိမိဆန္ဒအလျောက်တင်သွင်းသည့် စီမံကိန်းအဆိုပြုလွှာများ ယှဥ်ပြိုင်တင်ဒါခေါ်ယူမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက အောက်တိုဘာလ ၁၂ ရက်နေ့တွင် အစိုးရကဖိတ်ခေါ်ခြင်းမရှိဘဲ မိမိဆန္ဒအလျောက်တင်သွင်းသည့် စီမံကိန်းအဆိုပြုလွှာများ ယှဥ်ပြိုင်တင်ဒါခေါ်ယူမှုဆိုင်ရာ၌ ‌ဆောင်ရွက်မည့်လုပ်ထုံးလုပ်နည်းကို ၎င်းတို့၏ ဝန်ကြီးဌာနစာမျက်နှာ၌ ကြေညာခဲ့ပါသည်။

၎င်းလုပ်ထုံးလုပ်နည်းအရ မိမိဆန္ဒအလျောက်တင်သွင်းလာသော စီမံကိန်းတန်ဖိုးသည် ငွေကျပ် သန်းနှစ်ထောင် (၂,၀၀၀,၀၀၀,၀၀၀) အထက် ကျော်လွန်ရမည်ဖြစ်ပြီး အဆိုပြုလွှာများကို ငွေကြေးခိုင်မာမှု၊ လုပ်ငန်းအတွေ့အကြုံခိုင်မာမှု၊ စာရွက်စာတမ်းများ သတင်းအချက်အလက်ပြည့်စုံမှု၊ မဟာဗျူဟာနှင့် လိုက်လျောညီထွေမှုအပေါ် အခြေခံ၍ စိစစ်သုံးသပ်သွားမည်ဟု သိရသည်။

အချက်အလက်အ‌သေးစိတ်ကို ပူးတွဲပါ Attached File တွင် Download ရယူ၍ ဖတ်ရှုနိုင်ပါသည်။

၁၃ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်

 

Unsolicited Proposal_PPP Center_12102020