တံတားတည်‌ဆောက်ရေးလုပ်ငန်းများအတွက် Environmental Management Plan – EMP ရေးသားပြုစုရန် စိတ်ပါ၀င်စားသော အဖွဲ့အစည်းများအား ဖိတ်ခေါ်ခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: August 18, 2020 - September 18, 2020
တည်နေရာ: နေပြည်တော်
Description
- :

ဆောက်လုပ်ရေးဝန်ကြီးဌာန

တံတားဦးစီးဌာန

တင်ဒါခေါ်ယူခြင်း

၁။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် JICA ODA Loan Phase(lll) တွင် ပါဝင်သော ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ရေပြွန်နှင့် တံတားငယ်များ အပါအ၀င် စုစုပေါင်း တံတား (၁၀၁) စင်း၏တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်တော့မည်ဖြစ်ပါသောကြောင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (Environmental Management Plan – EMP) ရေးသားပြုစုရန်အတွက် စိတ်ပါဝင်စားသော ပြည်တွင်းအဖွဲ့အစည်း/ကုမ္ပဏီများအား တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ အသေးစိတ်အချက်အလက်များနှင့် တင်ဒါလျှောက်လွှာပုံစံများအား သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဌာနခွဲ၊ တံတားဦးစီးဌာန၊ ရုံးအမှတ်(၁၁) နေပြည်တော်တွင် (၁၈.၈.၂၀၂၀)မှ (၂၁.၈.၂၀၂၀) ရက်နေ့အထိရုံးချိန်အတွင်း ရယူနိုင်ပြီး၊ တင်ဒါလျှောက်လွှာများအား (၁၈.၉.၂၀၂၀) ရက်နေ့ (၁၃း၀၀)နာရီ နောက်ဆုံးထား၍ ပေးပို့ရန်ဖြစ်ပါသည်။

၃။ အသေးစိတ်သိရှိလိုသော အချက်အလက်များကို သုတေသနနှင့်ဖွံဖြိုးတိုးတက်မှုဌာနခွဲ၊ တံတားဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၁) နေပြည်တော် ဖုန်း ၀၆၇-၄၀၇၄၆၅ (သို့) ၀၉- ၄၅၆၆၆၃၉၀၆ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us