ကျောက်ဖြူခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး၀င်းအတွင်းရှိ အဆောက်အဦဟောင်းလေးလုံးအား လေလံတင်ရောင်းချခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | မြေနှင့်အဆောက်အဦး ငှားရမ်း/ ရောင်းချ/ ဖျက်သိမ်းခြင်း လုပ်ငန်းများ |
တင်ဒါကာလ: August 14, 2020 - September 11, 2020
တည်နေရာ: ရခိုင်ပြည်နယ်
Description
- :

၁။ သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး၀င်းအတွင်းရှိ အဆောက်အဦဟောင်းလေးလုံးအား လေလံတင်ရောင်းချလိုပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များသည် သတ်မှတ်ချက်နှင့်အညီ လေလံတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

(က) အဆောက်အဦဟောင်း (အဆင်မြင့်ဧည့်ရိပ်သာ) (အလျား ၂၅’ အနံ ၃၀’ အမြင့် ၁၇’)

(ခ) အဆောက်အဦဟောင်း (ရုံးခန်း) (အလျား ၂၄’ အနံ ၂၀’ အမြင့် ၁၂’)                                           (၁) အုပ်စု

(ဂ) အဆောက်အဦဟောင်း (ဂိုဒေါင်) (အလျား ၆၀’ အနံ ၁၈’ အမြင့် ၁၂’)

(ဃ) အဆောက်အဦဟောင်း (၀န်ထမ်းနေအိမ်) (အလျား ၂၀’ အနံ ၁၉’ အမြင့် ၁၂’)

၂။ လေလံပုံစံနှင့် လေလံစည်းကမ်းချက်များကို ၁၄-၈-၂၀၂၀ ရက်မှစ၍ ရုံးချိန်အတွင်း စတင်၍ရောင်းချမည်ဖြစ်ပြီး ၁၁-၉-၂၀၂၀ ရက်၊ ၁၆ ၀၀ နာရီ နောက်ဆုံးထား၍ လေလံတင်သွင်းရမည်ဖြစ်ပါသည်။ လေလံပုံစံများကို ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ကျားမသောက်ကျေးရွာ၊ စစ်တွေမြို့နှင့် ကျောက်ဖြူခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ ကျောက်ဖြူမြို့တို့တွင် ၀ယ်ယူနိုင်ပါသည်။

၃။ လေလံတင်သွင်းရန် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရုံးချိန်အတွင်း ရခိုင်ပြည်နယ်၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ဖုန်း - ၀၉-၂၅၄၆၈၆၂၆၀ နှင့် ကျောက်ဖြူခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ ဖုန်း ၀၉-၂၆၀၁၁၉၆၈ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

လေလံခေါ်ယူရေးလုပ်ငန်းကော်မတီ

၁၃ သြဂုတ် ၂၀၂၀ ပြည့်နှစ် မြန်မာ့အလင်းသတင်းစာ

                    

 

 

 

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us