မြန်မာ့မီးရထား ရုံးချုပ်ဟောင်း သံကူကွန်ကရစ် (၅) ထပ် အဆောက်အဦ ဖျက်သိမ်းရောင်းချရန်အတွက် လေလံခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | မြေနှင့်အဆောက်အဦး ငှားရမ်း/ ရောင်းချ/ ဖျက်သိမ်းခြင်း လုပ်ငန်းများ |
တင်ဒါကာလ: August 17, 2020 - August 28, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း၊ အမှတ် (၃၅၁-၃၆၁) မြေနေရာရှိ မြန်မာ့မီးရထား ရုံးချုပ်ဟောင်း သံကူကွန်ကရစ် (၅) ထပ် အဆောက်အဦ (စုစုပေါင်း) ကြမ်းခင်းဧရိယာ - ၁၃၉၈ စတုရန်းမီတာ) ဖျက်သိမ်းရောင်းချခြင်းကို စျေးပြိုင်တင်ဒါစနစ်ဖြင့် ၀င်ရောက်ယှဥ်ပြိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်းများကို (၁) စုံလျှင် (၁၀၀၀၀/-) ကျပ်နှုန်းဖြင့် မြန်မာ့မီးရထား၊ ထောက်ပံ့ဌာန၊ ကုန်သည်လမ်းနှင့် (၅၁ လမ်းထိပ်) ရန်ကုန်မြို့၌ (၁၇-၈-၂၀၂၀) ရက်နေ့ (၉:၃၀) အချိန်မှ (၂၈-၈-၂၀၂၀) ရက်နေ့ (၁၆:၃၀) နာရီ အချိန်ထိ ရုံးချိန်အတွင်း ၀ယ်ယူနိုင်ပါသည်။

၃။ (၁-၉-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီတွင် မြန်မာ့မီးရထား၊ ‌အောက်မြန်မာပြည် အုပ်ချုပ်ရေးဌာနရုံး၊ ပထမထပ်၊ အစည်းအ​​ဝေးခန်းမ၊ ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၌ စျေးပြိုင်လေလံ တင်ဒါဖွင့်လှစ်မည် ဖြစ်ပါသည်။

၄။ စျေးပြိုင်လေလံတင်ဒါနှင့် ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် - 01-294352, 01-291994 များသို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

 

၁၄ သြဂုတ် ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us