လွှတ်တော်၀င်းအတွင်း ၀န်ဆောင်မှုလုပ်ငန်းအမျိုးမျိုးရယူရန်အတွက် အိတ်ဖွင့်တင်ဒါဖိတ်ခေါ်ခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြား ဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုး |
တင်ဒါကာလ: August 17, 2020 - August 31, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ ဆောက်လုပ်ရေး၀န်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ လွှတ်တော်နှင့်အိမ်တော်အဆောက်အဦများ ထိန်းသိမ်းရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (သာမန်အသုံးစရိတ်) ဖြင့် လွှတ်တော်၀င်းအတွင်း အောက်ဖော်ပြပါ လုပ်ငန်းတရပ်ချင်းစီအတွက် အိတ်ဖွင့်တင်ဒါပေးသွင်းရန် ဖိတ်ခေါ်ပါသည်။

(က) လွှတ်တော်အဆောက်အဦများပြင်ပ ပထမခြံစည်းရိုးနှင့် ဒုတိယခြံစည်းရိုးအတွင်း ဒုတိယခြံစည်းရိုးနှင့် တတိယခြံစည်းရိုးအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း

(ခ) လွှတ်တော်အဆောက်အဦရှိ Otis ဓာတ်လှေကား (၁၂) စီး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း

(ဂ) လွှတ်တော် (B, C, D, E, F, J - ဆောင်) နှင့် ရေးရာဆောင်များရှိ Audio & Video System, LED Display System,  အလိုအလျောက် ရုပ်သံရိုက်ကူးရေးစနစ်များ၊ Archiving System များ Audio, Video, Control, Stage Lighting Intercom System, Stage Equipment (Orchestra Elevator Lift and Motorized Curtain Track System) များ၊ Mini Studio System များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း

(ဃ) လွှတ်တော်၀င်းအတွင်းရှိ Security System များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း

(င) လွှတ်တော်၀င်းအတွင်းရှိ အဆောက်အဦများ အတွင်း/အပြင် လျှပ်စစ်ဆိုင်ရာပြုပြင်ထိန်းသိမ်းခြင်းနှင့် လွှတ်တော်၀န်ထမ်းအိမ်ရာ အတွင်း/အပြင် လျှပ်စစ်ဆိုင်ရာ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း

(စ) လွှတ်တော်၀င်းရှိ 33/11 kV နှင့် 11/0.415 kV ဓါတ်အားခွဲရုံများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း

(ဆ) လွှတ်တော်၀င်းရှိ Data Center ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း

(ဇ) ပြည်ထောင်စုလွှတ်တော် (D- ဆောင်) ၊ အမျိုးသားလွှတ်တော် (J - ‌ဆောင်) များတွင် Conference & E-voting system ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း

၂။ တင်ဒါစည်းကမ်းချက်များနှင့် လျှောက်လွှာပုံစံများအား (၁၇-၈-၂၀၂၀) ရက်နေ့မှစ၍ ရုံးချိန်အတွင်း လွှတ်တော်နှင့်အိမ်တော်အဆောက်အဦများ ထိန်းသိမ်းရေးအဖွဲ့တွင် လာရောက်၀ယ်ယူနိုင်ပါသည်။

၃။ တင်ဒါပိတ်မည့်နေ့ရက်/အချိန်             -           ၃၁-၈-၂၀၂၀ (၁၅ ၀၀) နာရီ

၄။ တင်ဒါဖွင့်မည့်နေ့ရက်/အချိန်/နေရာ      -           သတ်မှတ်ရက်နှင့် အချိန်ပြန်လည်အကြောင်းကြားပါမည်။

၅။ တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များအား အောက်ပါလိပ်စာတွင် စုံစမ်းနိုင်ပါသည်။

လွှတ်တော်နှင့်အိမ်တော်အဆောက်အဦများ ထိန်းသိမ်းရေးအဖွဲ့

ဖုန်း - ၀၆၇-၆၉၅၆၅ (မြို့ပြဆိုင်ရာလုပ်ငန်းများ)

ဖုန်း - ၀၆၇-၆၉၅၅၇၊ ၀၆၇-၆၉၅၂၅ (လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ)

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us