Myanmar Royal Apollo အထည်ချပ်စက်ရုံရှိ အလုပ်ရှင်ပိုင်ပစ္စည်းများ လေလံတင်ရောင်းချခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | စက်ရုံသုံးပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများ |
တင်ဒါကာလ: August 24, 2020 - August 28, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၂)၊ ဗန်းမော်အတွင်း၀န်လမ်း၊ အမှတ် (၉၇) ရှိ Myanmar Royal Apollo အထည်ချပ်စက်ရုံမှ လုပ်ငန်းပိုင်ရှင်သည် အလုပ်သမားများ၏ လုပ်ခလစာငွေများနှင့် ဥပဒေပါခံစားခွင့်များကို ပေး‌ေ၀ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့သဖြင့် အလုပ်သမားများ၏ လုပ်ခလစာနှင့်  ဥပဒေပါခံစားခွင့်များကို ပေးချေနိုင်ရေးအတွက် လုပ်ငန်းရှင်ပိုင်ဆိုင်သော အောက်ဖော်ပြပါ ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို လေလံတင်ရောင်းချသွားမည် ဖြစ်ပါသည်။

စဥ်      ပစ္စည်းအမျိုးအမည်     Lot.No          အရေအတွက်

(က)     အပ်ချပ်စက်များ             Lot.No(1)         ၃၇၆

(ခ)       Pattern စက်များ            Lot.No(2)         ၁၁

(ဂ)       အခြားစက်ပစ္စည်းများ      Lot.No(3)         ၅၇

(ဃ)     အထွေထွေပစည်းများ      Lot.No(4)         ၃၀၄၁

(စားပွဲ၊ ထိုင်ခုံများ၊ အခြားပစ္စည်းမျိုးစုံ၊ လျှပ်စစ်နှင့်ဆက်စပ်ပစ္စည်းများ၊ အ၀တ်အထည်နှင့်ဆက်စပ်ပစ္စည်းများ)

စုစုပေါင်း                                               ၃၄၈၅

၂။ လေလံတင်ရောင်းချမည့်ပစ္စည်းများ ၀ယ်ယူလိုသည့် လုပ်ငန်းရှင်များအနေဖြင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ရွှေပြည်သာမြို့နယ်၊ ရုံးဖုန်း - ၀၁-၉၆၁၅၀၈၃၊ လက်ကိုင်ဖုန်း-၀၉-၄၄၈၅၄၄၇၄၈ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

၃။ ရောင်းချမည့်ပစ္စည်းများ ကြည့်ရှုနိုင်သည့်ရက်     -           ၂၄-၈-၂၀၂၀ ရက်မှ ၂၈-၈-၂၀၂၀ ရက်အထိ (ရုံးချိန်အတွင်း)

၄။ ပစ္စည်းများလေလံတင်ရောင်းချမည့်ရက်            -           ၃-၉-၂၀၂၀ ရက် (၁၀:၀၀) နာရီ

၅။ လေလံတင်ရောင်းချမည့်နေရာ                         -           Myanmar Royal Apollo အထည်ချပ်စက်ရုံ၊ အမှတ်(၉၇)၊ ဗန်းမော်အတွင်းဝန်လမ်း၊ စက်မှုဇုန် (၂)၊ ရွှေပြည်သာမိနယ်။

 

အလုပ်ရှင်ပိုင်ပစ္စည်းများအား လေလံတင်ရောင်းချရေးကော်မတီ

 

၂၁ သြဂုတ် ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

 

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us