မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာန အိတ်ဖွင့်လေလံကြော်ငြာ

August 23, 2020
Views: 170
Tender ID: 10360
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြားလုပ်ငန်းများ |
တင်ဒါကာလ: August 25, 2020 - August 28, 2020
တည်နေရာ: မန္တလေးတိုင်းဒေသကြီး
Description
- :

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာန အိတ်ဖွင့်လေလံကြော်ငြာ

၁။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (၁)နှစ်အတွက် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အထိ အခွင့်အရေးအရပ်ရပ်ဆိုင်ရာ လုပ်ကိုင်ခွင့်လိုင်စင်များကို အောက်ပါအစီအစဉ်အတိုင်း (၃၁-၈-၂၀၂၀)ရက်နေ့ နံနက် (၉:၀၀)နာရီမှစတင်၍ အိတ်ဖွင့်လေလံရောင်းချသွားမည်ဖြစ်ပါသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပထမအကြိမ် အိတ်ဖွင့်လေလံရောင်းချမည့် အခွင့်အရေးလိုင်စင်များစာရင်း

စဉ်        အခွင့်အရေးအမျိုးအစား                               လေလံတင်ရောင်းချမည့်ရက်       နေရာ

(က) ရေချိုးရုံ/အိမ်သာကောက်ခံခွင့်(၄၉)                                      ၃၁-၈-၂၀၂၀                  စည်ပင်ရုံးကြီး(၅)လွှာခန်းမ
(ခ)   စက်ဘီး၊ ဆိုင်ကယ်၊ကားအပ်နှံခ ကောက်ခံခွင့်(၅၂)                 ၁-၉-၂၀၂၀                  စည်ပင်ရုံးကြီး(၅)လွှာခန်းမ
(ဂ)   ထီးတိုင်စိုက်ထူခကောက်ခံခွင့် (၁)                                          ၂-၉-၂၀၂၀                   စည်ပင်ရုံးကြီး(၅)လွှာခန်းမ
(ဃ)  (၆)မြို့နယ် လမ်းဘေး‌ဈေးကောက်(၆)                                   ၂-၉-၂၀၂၀                   စည်ပင်ရုံးကြီး(၅)လွှာခန်းမ
(င)    ဆိပ်ကမ်းယဉ်ရပ်နားနှင့်လမ်းဘေးဈေးကောက်(၂) ကောက်ခံခွင့်

(မန္တလေးဆိပ်ကမ်း/ရွှေကြက်ယက်ဆိပ်ကမ်း)                         ၂-၉-၂၀၂၀                            စည်ပင်ရုံးကြီး(၅)လွှာခန်းမ
(စ)     တည်းခိုခန်းငှားရမ်းလုပ်ကိုင်ခွင့်(၁) (သီရိမင်္ဂလာ တည်းခိုခန်း)၂-၉-၂၀၂၀                 စည်ပင်ရုံးကြီး(၅)လွှာခန်းမ
(ဆ)   စားသောက်ဆိုင်လုပ်ကိုင်ခွင့် (၁)

(ပြည်ကြီးမျက်ရှင် ယာဉ်ရပ်နားရောင်းဝယ်ရေးစခန်းအတွင်း)   ၂-၉-၂၀၂၀                           စည်ပင်ရုံးကြီး(၅)လွှာခန်းမ
(ဇ) ပြည်ကြီးမင်္ဂလာ ကုန်တင်ယာဉ်ရပ်နားစခန်း

ဂိုဒေါင်အမှတ် (၁/၂/၃) ငှားရမ်းလုပ်ကိုင်ခွင့်(၃)                              ၂-၉-၂၀၂၀                     စည်ပင်ရုံးကြီး(၅)လွှာခန်းမ

၂။ အထက်ဖော်ပြပါ အခွင့်အရေးလိုင်စင်စီများအား လေလံဆွဲဝယ်ယူသူများသည် လေလံလျှောက်လွှာများကို လေလံယှဉ်ပြိုင်မည့်အမျိုးအစားအလိုက် သတ်မှတ်ထား‌သည့်ကြေး ပေးသွင်း၍ ဝယ်ယူကာ လျှောက်လွှာ၌ သတ်မှတ်ထားသောစည်းကမ်းများနှင့်အညီ ပါရှိရမည့် စာရွက်စာတမ်းများ ပူးတွဲလျက်တင်ပြပြီး စားပွဲတင်စပေါ်များကို လေလံတင်ရောင်းချမည့်ရက်မတိုင်မီ (၃) ရက်ကြိုတင်၍ အခွန်ဌာနသို့တင်သွင်းထားရှိရမည်။ အခြားနည်း(သို့)တတိယအကြိမ်ရောင်းချမှု၌ ပထမအကြိမ်နှင့်ဒုတိယအကြိမ် လျှောက်လွှာဝယ်ယူပြီး တင်သွင်းယှဉ်ပြိုင်ဆွဲဝယ်ခဲ့သူများမှလွဲ၍ အသစ်ထပ်မံလျှောက်ထားလာမည့်သူများ ထပ်မံ၍လျှောက်ထားသည့်နေရာအား စားပွဲတင်စပေါ်ငွေ တင်သွင်းရမည်ဖြစ်ပါသည်။ လျှောက်လွှာရောင်းချမှုနှင့် စပေါ်ငွေလက်ခံမှု နောက်ဆုံးရက်မှာ (၂၈-၈-၂၀၂၀)ရက် (၁၄:၀၀) နာရီဖြစ်ပါသည်။ သိရှိလိုသည်များရှိပါက ဖုန်း ၀၉-၄၀၂၅၂၂၀၈၅၊ ၀၂-၄၀၃၆၁၇၁ (လိုင်းခွဲ_၁၅၃)နှင့် ၀၉-၄၀၂၅၃၁၁၁၉ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

အခွန်ဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us