Design and Supervision for Renovation of Training Center (Nay Pyi Taw) အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ခြင်း (ဒုတိယအကြိမ် ခေါ်ယူခြင်း)

August 23, 2020
Views: 169
Tender ID: 10364
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: August 25, 2020 - September 10, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ် ကမ္ဘာ့ဘဏ်ချေးငွေဖြင့်  Design and Supervision for Renovation of Training Center (Nay Pyi Taw) အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါစည်းကမ်းချက်များပါ၀င်သော အိတ်ဖွင့်တင်ဒါပုံစံကို ၂၅-၈-၂၀၂၀ ရက်မှ ၂၇-၈-၂၀၂၀ ရက်အထိ ရုံးဖွင့်ရက်များအတွင်း ‌ရုံးအမှတ် (၅၅)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်(ရန််််််ကုန််) အမှတ် (၂၆-က)၊ စက်မှုလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါများကို ၁၀-၉-၂၀၂၀ ရက် မွန်းလွဲ ၂ နာရီမတိုင်မီ နောက်ဆုံးထား၍ ရောက်ရှိစေရန် စာတိုက် (သို့မဟုတ်) အမြန်ချောပို့မှတဆင့် ရုံးအမှတ် (၅၅)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ ရာဇသင်္ဂဟလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်သို့လိပ်မူ၍ တင်သွင်းရန်ဖြစ်ပါသည်။ (သတ်မှတ်ကာလထက်ကျော်လွန်သော တင်ဒါများကို ထည့်သွင်းစဥ်းစားမည်မဟုတ်ပါ)။

၄။ အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် တင်ဒါတန်ဖိုး၏ ၁% အား တင်ဒါအာမခံကြေးအဖြစ် သုံးလသက်တမ်းရှိသော Bank Guarantee အား သတ်မှတ်တင်ဒါစာရွက်စာတမ်းများ နှင့်အတူ ချိပ်ပိတ်တင်သွင်းရပါမည်။ (ငွေသား သို့မဟုတ် P.O Cheque ဖြင့် တင်သွင်းခြင်းကို လုံး၀လက်ခံမည်မဟုတ်ပါ)

၅။ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၆၇-၃၄၁၈၅၉၅၊ ၀၆၇-၃၄၁၈၂၉၃၊ ၀၆၇-၃၄၁၈၅၉၄ နှင့် ၀၁-၅၄၃၅၃၆ တို့သို့ ရုံးချိန်အတွင်း စုံစမ်းနိုင်ပါသည်။

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us