ပုံစံ (၈) ဝင် သစ်စေး၊ နံ့သာနီ၊ သစ်စက်နှင့် ဆက်စပ်ပစ္စည်းများ လေလံတင်ရောင်းချခြင်း (လေလံအမှတ် – ၂၊ ၃၊ ၄၊ ၅/၂၀၁၉-၂၀)

August 26, 2020
Views: 265
Tender ID: 10425
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သစ်တောထွက်ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: August 27, 2020 - September 2, 2020
အဖွဲ့အစည်း: | |   
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :
ပုံစံ (၈) ဝင် သစ်စေး၊ နံ့သာနီ၊ သစ်စက်နှင့် ဆက်စပ်ပစ္စည်းများ လေလံတင်ရောင်းချခြင်း (လေလံအမှတ် - ၂၊ ၃၊ ၄၊ ၅/၂၀၁၉-၂၀)
စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ပုံစံ (၈) ဝင် ၃' အောက်သစ်စေး ၁.၃၅၈ တန်၊ နံ့သာနီ ၁၅၄၁.၅ ပိ‌ဿာ၊ သစ်စက်နှင့်ဆက်စပ်ပစ္စည်းများ၊ မီးသွေးလွှစာမှုန့်အိတ်များနှင့် အခြားပစ္စည်းများအား မျက်မြင်အခြေအနေအတိုင်း ဈေးပြိုင်စနစ်ဖြင့်  လေလံရောင်းချမည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်လိုင်စင်ရရှိထားသည့် သစ်အခြေခံအိမ်တွင်းစက်မှုလက်မှု လုပ်ငန်းရှင်များ၊ သစ်စက်သေး/စက်ကြီး/အချောထည်/လျှာထိုးစက်လုပ်ငန်းရှင်များ/သစ်အရောင်းဆိုင်လုပ်ငန်းရှင်များ/ ပရိဘောဂလုပ်ငန်းရှင်များမှ သတ်မှတ်လေလံစည်းကမ်းချက်များနှင့်အညီ ဝယ်ယူနိုင်ကြောင်းနှင့် လေလံအောင်ပစ္စည်းများအား တိုင်းကျော်သယ်ယူခွင့်မပြုကြောင်း စည်းကမ်းသတ်မှတ်ချက်ဖြင့် လေလံတင်ရောင်းချခြင်းကို အောက်ပါအစီအစဉ်အတိုင်း ရောင်းချမည်ဖြစ်ပါသည်။
ရောင်းချမည့် အစီအစဉ်
(၁) လေလံရောင်းချမည့်ရက် - ၃-၉-၂၀၂၀ ရက်
(၂) လေလံရောင်းချမည့်အချိန် - နံနက် ၁၀ နာရီ
(၃) လေလံရောင်းချမည့်နေရာ - လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့
လေလံလျှောက်လွှာနှင့်စည်းကမ်းချက်များကို စစ်ကိုင်းခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ စစ်ကိုင်းမြို့တွင် လေလံတစောင်လျှင် (၅၀၀၀) နှုန်းဖြင့် ၂၇-၈-၂၀၂၀ ရက်မှ ၁-၉-၂၀၂၀ ရက်အထိ ရုံးချိန်အတွင်း ဆက်သွယ်ဝယ်ယူနိုင်ပါသည်။
ဥက္ကဌ
လေလံတင်ရောင်းချရေးကော်မတီ
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us