ဖမ်းဆီးရမိသော သစ်/သစ်ခွဲသားများ ရောင်းချရန် လေလံကြော်ငြာခြင်း

August 26, 2020
Views: 141
Tender ID: 10426
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သစ်တောထွက်ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: September 1, 2020 - September 7, 2020
အဖွဲ့အစည်း: | |   
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :
ဖမ်းဆီးရမိသော သစ်/ခွဲသားများရောင်းချရန် လေလံကြော်ငြာ

 

၁။ ကသာခရိုင်၊သစ်တောဦးစီးဌာနသည် ကသာ၊ အင်းတော်မြို့နယ်ရှိ အောက်ဖော်ပြပါ ဖမ်းဆီးရမိသော သစ်/ခွဲသားကို "တိုင်းကျော်သယ်ယူခွင့်မပြုကြောင်း" ကန့်သတ်ချက်ဖြင့် လက်ရှိမျက်မြင်အခြေအနေအတိုင်း ဈေးပြိုင်လေလံတင်ရောင်းချမည်ဖြစ်ပါသဖြင့် "စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သစ်တောစီးဌာနမှ တရားဝင်လိုင်စင်ဖြင့် ခွင့်ပြုထားသော သစ်စက်သေး၊ စက်ကြီး၊ အချောထည်စက်၊ လျှာထိုးစက်လုပ်ငန်းများ၊ သစ်အရောင်းဆိုင်လုပ်ငန်းရှင်များ၊ သစ်အခြေခံအိမ်တွင်း စက်မှုလက်မှုလုပ်ငန်းရှင်များ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသခံပြည်သူများနှင့် နေအိမ်ဆောက်လုပ်ရန် သတ်မှတ်စည်းကမ်းချက်နှင့်ညီညွတ်ပါက ဈေးပြိုင်လေလံဆွဲဝယ်ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော Coronavirus Disease 2019 (Covid - 19) ရောဂါကာကွယ်တားဆီး၊ ထိန်းချုပ်ရေးဆိုင်ရာ သတိပေးညွှန်ကြားချက်များအတိုင်း လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း ကြေညာပါသည်။

 

(က) လေလံအစီအစဉ်
နေ့ရက် - ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၊ ၇ရက်
အချိန် - နံနက် ၉:၃၀ နာရီ
နေရာ - လက်ထောက်ညွှန်ကြားရေးမှုး၊ ခရိုင်သစ်တောဦးစီးဌာန၊ ကသာမြို့
(ခ) လေလံတင်ရောင်းချမည့်ပစ္စည်းများ
(၁) ကျွန်းသစ် - ၄၃၆.၅၀၈၀ တန် (အင်းတော်မြို့နယ်)
(၂) ကျွန်းခွဲသား - ၁၁၃.၃၂၁၆ တန် (အင်းတော်မြို့နယ်)
(၃) တမလန်းသစ် - ၂.၇၇၄၀ တန် (အင်းတော်မြို့နယ်)
(၄) တမလန်းဓားရွှေ - ၄၄.၉၀၇၄ တန် (အင်းတော်မြို့နယ်)
(၅) ကျန်အုပ်စု(၁)သစ် - ၃၁.၈၂၈၀ တန် (အင်းတော်မြို့နယ်)
(၆) ကျန်အုပ်စု(၁)ခွဲသား - ၀.၄၉၅၀ တန် ( အင်းတော်မြို့နယ်)
(၇) မီးသွေး - ၅၃.၈၃၀ တန် (ကသာမြို့နယ်)

 

၂။ လေလံဆွဲဝယ်ယူခွင့်လျှောက်လွှာပုံစံနှင့် စည်းကမ်းချက်တစ်စုံလျှင် ၁၀၀၀၀/-(ကျပ်တစ်သောင်းတိတိ) နှုန်းဖြင့်  လက်ထောက်ညွှန်ကြားရေးမှုး၊ ခရိုင်သစ်တောဦးစီးဌာန၊ ကသာမြို့တွင် ၁-၉-၂၀၂၀ရက်မှ ၄-၉-၂၀၂၀ ရက်အတွင်းဝယ်ယူနိုင်ကြောင်းကြေညာအပ်ပါသည်။
၃။ အသေးစိတ်သိရှိလိုပါက လက်ထောက်ညွှန်ကြားရေးမှုးရုံး၊ ကသာခရိုင်သစ်တောဦးစီးဌာန၊ ဖုန်း ၀၇၅-၂၅၀၈၆၊ ၀၉-၇၉၂၄၅၂၆၁၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ဥက္ကဌ
လေလံတင်ရောင်းချရေးကော်မတီ
Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us