စက္ကူနှင့်ပျော့ဖတ်ထုတ်လုပ်မှုလုပ်ငန်းကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်း/ပြည်ပကုမ္ပဏီများသို့ စိတ်ဝင်စားမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

August 26, 2020
Views: 181
Tender ID: 10427
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: စိတ်၀င်စားမှုအဆိုပြုလွှာ
လုပ်ငန်း အမျိုးအစား: | အခြားလုပ်ငန်းများ |
တင်ဒါကာလ: September 4, 2020 - October 5, 2020
တည်နေရာ: ဧရာဝတီတိုင်းဒေသကြီး
Description
- :
စက္ကူနှင့်ပျော့ဖတ်ထုတ်လုပ်မှုလုပ်ငန်းကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်း/ပြည်ပကုမ္ပဏီများသို့ စိတ်ဝင်စားမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

 

အဆင့်မြင့်စက္ကူစက်ရုံ (‌သာပေါင်း) နှင့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း) သည် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ငဝန်မြစ်အနောက်ဘက်ကမ်း၊ လှေကြီးတက်ကျေးရွာအနီးတွင် တည်ရှိပြီး စက္ကူနှင့်ပျော့ဖတ်စက်ရုံစုနယ်မြေတခုအဖြစ် တစုတစည်းတည်းထူထောင်၍ စက္ကူနှင့်ပျော့ဖတ်ထုတ်လုပ်မှုလုပ်ငန်းများကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ပါဝင်စားသော ပြည်တွင်း/ပြည်ပကုမ္ပဏီများသို့ Expression of Interest (EoI) အဆိုပြုလွှာပေးပို့ရန် ဖိတ်ခေါ်အပ်ပါသည်။

 

အဆိုပြုလွှာပုံစံအား နည်းပညာဖွံ့ဖြိုးရေးဌာန၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း (ရုံးချုပ်) ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၇)၊ နေပြည်တော်တွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပါသည်။
(က) အဆိုပြုလွှာပုံစံရောင်းချမည့်ရက် - ၄-၉-၂၀၂၀ မှ ၂-၁၀-၂၀၂၀ ရက်ထိ
(ခ) အဆိုပြုလွှာပုံစံနောက်ဆုံးတင်သွင်းရမည့်ရက်နှင့် အချိန် - ၅-၁၀-၂၀၂၀ ရက်၊ ၁၆:၀၀ နာရီ

 

အသေးစိတ်သိရှိလိုပါက နည်းပညာဖွံ့ဖြိုးရေးဌာန၊ ဖုန်း - ၀၆၇-၃၄၀၈၂၉၃၊ ၀၆၇-၃၄၀၈၁၉၃၊ ၀၆၈-၃၄၀၈၁၂၉ နှင့် mpcipl@gmail.com တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us