ပလတ်စတစ်ရေဆေးပုံးခွံများနှင့် ကတ္တရာပုံးခွံများအားလေလံတင်ရောင်းချခြင်း (နေပြည်တော်စည်ပင်သာယာရေးကော်မတီ)

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြားလုပ်ငန်းများ |
တင်ဒါကာလ: August 25, 2020 - September 8, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဗဟိုပစ္စည်းထိန်းဌာနတွင် အင်ဂျင်နီယာဌာန (လမ်း/တံတား) မှ လာရောက်အပ်နှံထားသော ပလတ်စတစ်ရေဆေးပုံးခွံ (၄၉၁၄) ပုံး (Lot-1) နှင့် ကတ္တရာပုံးခွံ (၅၆၅) ပုံး (Lot-2) အား မျက်မြင်အခြေအနေအတိုင်း လေလံတင်ရောင်းချမည် ဖြစ်ပါသည်။

၂။ လေလံလျှောက်လွှာနှင့် စည်းကမ်းချက်များအား (၂၅-၈-၂၀၂၀) (အင်္ဂါနေ့) မှစ၍ ရုံးချိန်အတွင်း ဗဟိုပစ္စည်းထိန်းဌာန၌ လျှောက်လွှာ (၁) စောင်လျှင် (၂၀၀၀) ကျပ်ဖြင့် ထုတ်ယူနိုင်ပြီး လျှောက်လွှာများကို (၈-၉-၂၀၂၀) (အင်္ဂါနေ့) (၁၆ ၀၀) နာရီ နောက်ဆုံးထား၍ တင်သွင်းလျှောက်ထားနိုင်ပါသည်။

၃။ အထက်ဖော်ပြပါ ပလတ်စတစ်ရေဆေးပုံးခွံ (၄၉၁၄) ပုံး (Lot-1) နှင့် ကတ္တရာပုံးခွံ (၅၆၅) ပုံး (Lot-2) အား အောက်ဖော်ပြပါ အစီအစဥ်အတိုင်း လေလံတင်ရောင်းချသွားမည် ဖြစ်ပါသည်။

နေ့ရက် -           ၉-၉-၂၀၂၀

အချိန်    -           နံနက် (၁၀ ၃၀) နာရီ

နေရာ    -           ဗဟိုပစ္စည်းထိန်းဌာန

၄။ အသေးစိတ်သိရှိလိုသော အချက်အလက်များအား ရုံးချိန်အတွင်း ဗဟိုပစ္စည်းထိန်းဌာန၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ တယ်လီဖုန်းအမှတ် (၀၆၇-၈၁၀၈၂၈၆) သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဥက္ကဌ

ကော်မတီပိုင်ပစ္စည်းဟောင်းများ ထုခွဲရောင်းချရေးနှင့် စာရင်းပယ်ဖျက်ရေးအဖွဲ့

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us