အကောက်ခွန်ဦးစီးဌာနက လက်ကိုင်ဖုန်းအမျိုးမျိုး၊ စက်မှုကုန်ကြမ်း (ဘေထုပ်)၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများလေလံတင်ရောင်းချခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | လူသုံးကုန်နှင့် အိမ်သုံးပစ္စည်းများ |
တင်ဒါကာလ: September 10, 2020 - September 11, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ အကောက်ခွန်ဦးစီးဌာနက တည်ဆောက်အကောက်ခွန်ဥပဒေအရ အရေးယူထားသော လက်ကိုင်ဖုန်းအမျိုးမျိုး၊ စက်မှုကုန်ကြမ်း (ဘေထုပ်)၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများအား အောက်ပါအစီအစဥ်အတိုင်း စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချမည်ဖြစ်ပါသဖြင့် အများပြည်သူများ ၀င်ရောက်ယှဥ်ပြိုင်၀ယ်ယူနိုင်ရန် အသိပေးကြေညာအပ်ပါသည်။

(က) နေ့ရက်/အချိန်        -           ၁၅-၉-၂၀၂၀ ရက်၊ နံနက် ၁၀ နာရီ

(ခ) နေရာ                      -           ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးဌာနခွဲ၊ အကောက်ခွန် (ကုန်လှောင်ရုံ)၊ အလုံမြို့နယ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ ကွန်ကရစ်ကမ်းနားလမ်း၊ ရန်ကုန်တိုင်းဒေသကြီး။

(ဂ) ပစ္စည်းအမျိုးအမည်   -           လက်ကိုင်ဖုန်းအမျိုးမျိုး၊ စက်မှုကုန်ကြမ်း (ဘေထုပ်)၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများ

(ဃ) လေလံပုံစံရောင်းချခြင်း       -           လေလံပုံစံ (လေလံစည်းကမ်းချက်များနှင့် လေလံပစ္စည်းစာရင်း ပူးတွဲလျက်) တစုံလျှင် (၅၀၀၀/-) (ကျပ်ငါးထောင်တိတိ) နှုန်းဖြင့် ၁၀-၉-၂၀၂၀ ရက်မှ ၁၁-၉-၂၀၂၀ ရက်အထိ ရုံးချိန်အတွင်း ၀ယ်ယူနိုင်ပါသည်။

(င) ပစ္စည်းပြသမည့်အချိန်            -           လေလံပုံစံ၀ယ်ယူပြီးသူများအား ၁၁-၉-၂၀၂၀ ရက်နှင့် ၁၄-၉-၂၀၂၀ ရက်၊ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ (၂) ရက် ပြသပါမည်။

၂။ အသေးစိတ်အချက်အလက် သိရှိလိုသူများသည် ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးဌာနခွဲ၊ အကောက်ခွန် (ကုန်လှောင်ရုံ)၊ အလုံမြို့နယ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ ကွန်ကရစ်ကမ်းနားလမ်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း - ၀၉-၅၀၆၄၃၅၆၊ ၀၉-၄၅၆၉၈၈၄၄၈ သို့ လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အတွင်းရေးမှူး

လေလံတင်ရောင်းချရေးအဖွဲ့

အကောက်ခွန်ဦးစီးဌာန၊ ရန်ကုန်မြို့

 

၂၉ သြဂုတ် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us