အောင်မင်္ဂလာအ‌ဝေးပြေးယာဥ်ရပ်နားစခန်းတွင် ယာဥ်ရပ်နားခကောက်ခံရန် အငှားချထားခြင်းလုပ်ငန်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြားလုပ်ငန်းများ |
တင်ဒါကာလ: August 31, 2020 - September 25, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လမ်း၊ တံတားဆိုင်ရာ လုပ်ငန်းတာ၀န်ခံအဖွဲ့ ကြီးကြပ်မှုအောက်ရှိ အောက်ဖော်ပြပါ ယာဥ်ရပ်နားကွင်း (ကားပါကင်) မြေနေရာများတွင် ယာဥ်ရပ်နားခကောက်ခံရန် အငှားချထားခြင်းကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်ရန်အတွက် တင်ဒါများခေါ်ယူအပ်ပါသည်။

(က) အောင်မင်္ဂလာအ‌ဝေးပြေးယာဥ်ရပ်နားစခန်း၊ ဒနင်းရိုးချောင်းပတ်လမ်းဆုံ သာစည်လမ်းထိပ်၊ အက်ဆစ်နှင့် ဓာတုဗေဒပစ္စည်းအရောင်းဆိုင်ခန်း အမှတ်(ဖ-၁၊ ၂)၊ နောက်ကျော (၀.၅) ဧကခန့် မြေနေရာ

(ခ) အောင်မင်္ဂလာအ‌ဝေးပြေး ယာဥ်ရပ်နားစခန်း၊ ဂိတ် (၄) အ၀င် ဒနင်းရိုးချောင်းပတ်လမ်းဘေးရှိ (၁) ဧကခန့် မြေနေရာ

၂။ တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ဗိုလ်တထောင်မြို့နယ်၊ (၄၆) လမ်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ (၁၂) ထပ်ခွဲရုံး၊ (၇) လွှာရှိ လမ်း၊ တံတားဆိုင်ရာ လုပ်ငန်းတာ၀န်ခံအဖွဲ့၊ ယာဥ်ရပ်နားစခန်းများ စီမံခန့်ခွဲရေးရုံး (အခွန်ဌာန) တွင် ရုံးချိန်အတွင်း ၀ယ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက လမ်း၊ တံတားဆိုင်ရာ လုပ်ငန်းတာ၀န်ခံအဖွဲ့၊ ယာဥ်ရပ်နားစခန်းများ စီမံခန့်ခွဲရေးရုံးသို့ဖြစ်စေ ၊ ဖုန်း-၀၉-၅၀၅၄၂၉၁ သို့ ရုံးချိန်အတွင်း မေးမြန်းစုံစမ်းနိုင်ပါသည်။

တင်ဒါရောင်းချမည့်ရက်              -           ၃၁-၈-၂၀၂၀ ( တနင်္လာနေ့)

တင်ဒါအရောင်းပိတ်မည့်ရက်        -           ၂၅-၉-၂၀၂၀ (သောကြာနေ့)၊ (၁၃:၀၀) နာရီ

တင်ဒါကျင်းပမည့်နေ့ရက်            -           ၂၉-၉-၂၀၂၀ (အင်္ဂါနေ့) ၊ နံနက် (၁၀:၀၀) နာရီ

တင်ဒါကျင်းပမည့်နေရာ              -           မြို့တော်ခန်းမ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us