မြိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ တည်ဆောက်ရေးလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများ၀ယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: September 2, 2020 - October 2, 2020
တည်နေရာ: တနင်္သာရီတိုင်းဒေသကြီး
Description
- :

၁။    တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သောလုပ်ငန်းသုံးပစ္စည်းများအား အိတ်ဖွင့်တင်ဒါခေါ်ယူလိုပါသည်။

၂။    လိုအပ်သော လုပ်ငန်းသုံးပစ္စည်း၏ အမျိုးအစား၊ အရေအတွက်၊ ဝယ်ယူလိုသည့်အသေးစိတ်စာရင်းနှင့် တင်ဒါစည်းကမ်းသတ်မှတ်ချက်များကို မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ကြော်ငြာသင်ပုန်းတွင်ဖော်ပြထားမည် ဖြစ်ပါသည်။

တင်ဒါလျှောက်လွှာ စတင်ရောင်းချမည့်ရက်             -   ၂-၉-၂၀၂၀ ရက်

တင်ဒါလျှောက်လွှာပိတ်မည့်ရက်နှင့်အချိန်                -   ၂-၁၀-၂၀၂၀ ရက်(၁၆:၀၀)နာရီ

တင်ဒါလျှောက်လွှာ တင်သွင်းရမည့်နေရာ                 -   မြိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး

အထက(၃)လမ်း၊ ဈေးတန်းရပ်ကွက်၊

မြိတ်မြို့

၃။    အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း-၀၉-၄၅၀၀၁၈၁၅၇၊၀၉-၇၈၃၆၀၁၅၀၂၊၀၉-၂၅၄၁၇၁၁၄၂ သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

မှတ်ချက်။  အိတ်ဖွင့်တင်ဒါရွေးချယ်မည့် ရက်/အချိန်/နေရာကို ထပ်မံကြေညာပေးမည်ဖြစ်ပါသည်။

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

 

 

၁ စက်တင်ဘာ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us