အခွန်ဦးစီးမှူးရုံးသစ်ဆောက်လုပ်ခြင်း၊ ဓာတ်အားခွဲရုံတည်ဆောက်ခြင်းနှင့် LED Display Board လဲလှယ်ဆောင်ရွက်ခြင်းလုပ်ငန်းများ (ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာန)

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: September 3, 2020 - October 2, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။     ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်တွင်းအခွန်များဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် အောက်ဖော်ပြပါ လုပ်ငန်းများအား အိတ်ဖွင့်တင်ဒါခေါ်ယူမည်ဖြစ်ပါသည်။

(က)  လှိုင်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ၅၈ လမ်း၊ ဧရိယာ ၀ဒဿမ၅၉၆ဧက အပေါ်တွင် (၆၃’ x ၄၀’) အကျယ်အဝန်းရှိ နှစ်ခန်းတွဲ ငါးထပ်ဝန်ထမ်း အိမ်ရာသုံးလုံးဆောက်လုပ်ခြင်း၊      (၆၃၇’)ရေမြောင်းဖောက်လုပ်ခြင်း၊ (၆၃၇’ x ၇’) အုတ်ခြံစည်းရိုးကာခြင်းနှင့် အဝီစိတွင်း (၄”)  နှစ်တွင်းတူးခြင်း။

(ခ) ဒလမြို့နယ်တွင် (၇၅’ x ၃၅')မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး ရုံးသစ်ဆောက်လုပ်ခြင်း၊ (၁၅’ x ၁၀’) နောက်ဆက်တွဲ(ရေချိုးခန်း၊ အိမ်သာ) (၈၉.၆’ x ၁၁၀’ x ၆’) အုတ်တံတိုင်းကာရံခြင်းနှင့် အမြင့် (၂’) မြေဖို့ခြင်း။

(ဂ)  သင်္ကန်းကျွန်းမြို့နယ် (၁၆) လုပ်သားလမ်းရှိ ဝန်ထမ်းအိမ်ရာများတွင် 33/11 KVA,3MVAဓာတ်အားခွဲရုံဆောက်လုပ်ခြင်း။

(ဃ)  အောင်ဘာလေသိန်းဆုဌာနခွဲ LED Display Boardနှင့် ဆက်စပ်ပစ္စည်းများ လဲလှယ်ဆောင်ရွက်ခြင်း။

၂။     အပိုဒ် (၁) ပါ လုပ်ငန်းများဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံသားကုမ္ပဏီများအား အောက်ပါအတိုင်း အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

(က) တင်ဒါပုံစံရောင်းချမည့်ရက် - ၃-၉-၂၀၂၀ ရက် (ကြာသပတေးနေ့)

(ခ) တင်ဒါပုံစံရောင်းချမည့်နေရာ - ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊ အမှတ်(၁၆၃/၁၆၇)၊ ပန်းဆိုးတန်းလမ်း၊ (အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့

(ဂ) တင်ဒါပုံစံတင်သွင်းရမည့်နောက်ဆုံး ရက်/အချိန် - ၂-၁၀-၂၀၂၀ရက် (သောကြာနေ့)၊  မွန်းလွဲ(၁၅:၀၀)နာရီ

(ဃ) တင်ဒါပုံစံဖွင့်လှစ်မည့်နေရာ   - ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊ အမှတ်(၁၆၃/၁၆၇)၊ ပန်းဆိုးတန်းလမ်း၊ (အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့

၃။    အသေးစိတ်သိရှိလိုပါက ပြည်တွင်းအခွန်များဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး၊ ဖုန်း-၀၁ ၂၅၂၅၄၃၊၀၁-၃၇၂၃၀၉  သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းနှင့် တင်ဒါဖွင့်လှစ်မည့်ရက်နှင့် အချိန်တို့ကို ထပ်မံ၍ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊ရန်ကုန်မြို့

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us