Digital Radio(9 Band) များဝယ်ယူရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

September 3, 2020
Views: 161
Tender ID: 10742
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | လျှပ်စစ်နှင့် အီလက်ထရောနစ် ပစ္စည်းများ |
တင်ဒါကာလ: September 3, 2020 - September 12, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအတွက် လိုအပ်သော အောက်ဖော်ပြပါ Digital Radio(9 Band)(45000 Nos)ကို ပြည်တွင်းသုံးငွေ(ကျပ်)ဖြင့်ဝယ် ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါများတင်သွင်းကြရန် ဖိတ်ခေါ်ပါသည်-

Digital Radio(9 Band) 45000 Nos

Made in China

၂။ အိတ်ဖွင့်တင်ဒါပုံစံများကို (၃-၉-၂၀၂၀) မှ (၁၂-၉-၂၀၂၀) ရက်ထိ နေ့စဉ် နံနက် ၉:၃၀ မှ ညနေ ၄:၃၀ အတွင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ နေပြည်တော်(တပ်ကုန်း)တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါများကို ၁၄-၉-၂၀၂၀ရက် နံနက် ၉:၃၀ မှ ညနေ ၄:၃၀ အတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ နေပြည်တော်(တပ်ကုန်း)ရှိ တင်ဒါအဖွဲ့ဝင်များရှေ့မှောက်တွင်လာရောက်တင်သွင်းရန် ဖြစ်ပါသည်။ သတ်မှတ်ချိန်ကာလထက် ကျော်လွန်ပေးပို့လာသောတင်ဒါများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

၄။ အိတ်ဖွင့်တင်ဒါပုံစံ စည်းကမ်းချက်များနှင့် စက်ပစ္စည်းစာရင်း အသေးစိတ်အချက်အလက်များကို အောက်ပါလိပ်စာတွင် စုံစမ်းထုတ်ယူနိုင်ပါသည်။

စက်ပစ္စည်းများဝယ်ယူရေးကော်မတီ

ပြန်ကြားရေးဝန်ကြီးဌာန

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား

နေပြည်တော်(တပ်ကုန်း)

ဖုန်း-၀၆၇-၇၉၄၈၃၊ ၀၆၇-၇၉၁၃၅၊၀၆၇-၇၉၄၁၁

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us