ရန်ကုန်နှင့် မန္တလေးရှိ ကုန်သွယ်ရေးဦးစီးဌာနပိုင် အခန်းများငှားရမ်းခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | မြေနှင့်အဆောက်အဦး ငှားရမ်း/ ရောင်းချ/ ဖျက်သိမ်းခြင်း လုပ်ငန်းများ |
တင်ဒါကာလ: September 3, 2020 - September 30, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနရှိ အောက်ဖော်ပြပါ အခန်း (၃) ခန်းအား အိတ်ဖွင့်တင်ဒါခေါ်ယူ၍ (၅) နှစ်တာသက်တမ်း၊ (၁) နှစ်တစ်ကြိမ် စာချုပ်စနစ်၊ ငှားရမ်းမှုတန်ဖိုး၏ (၁) လစာအား စပေါ်ငွေအဖြစ်ထားရှိ၍ ငှားရမ်းခနှင့်ကုန်သွယ်ရေးလုပ်ငန်း (၅%) တို့အား (၁၂) လစာ ကြိုတင်ငွေသွင်းခြင်းစနစ်ဖြင့် နှစ်စဉ်ငှားရမ်းခကို ၅% တိုးမြှင့်၍ ငှားရမ်းရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

(က) Lot (1) ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်း၊ အမှတ်(၅၅၄)၊ အခန်း (၁) ခန်း။

(ခ) Lot (1) ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်း၊ အမှတ်(၂၇၄/၂၇၆)၊ (၂)ခန်းတွဲ အခန်း (၁) ခန်း။

(ဂ) Lot (1) မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ (၈၃ * ၈၄) လမ်းကြား၊ (၂၇) လမ်း, အမှတ်(၂၆၇)၊ဝဲဘက် အခန်း (၁) ခန်း။

(ခ) တင်ဒါပုံစံရောင်းချမည့်ရက်    -           ၃-၉-၂၀၂၀ရက်မှ ၃၀-၉-၂၀၂၀ရက်ထိ(ရုံးချိန်အတွင်း)

(ဂ) တင်ဒါပိတ်မည့်ရက်/အချိန်     -           ၃၀-၉-၂၀၂၀ရက် (၁၅:၀၀)နာရီ

(ဃ) တင်ဒါပုံစံရောင်းချမည့်နေရာ -           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ရုံးအမှတ် (၃)၊ နေပြည်တော်

(င) တင်ဒါစည်းကမ်းချက် ရှင်းလင်းမည့်ရက်/အချိန် -           ၁-၁၀-၂၀၂၀ရက် (၁၂:၀၀)နာရီ

(စ) တင်ဒါတင်သွင်းဖွင့်ဖောက်မည့် နေ့ရက်/အချိန်/နေရာ    -           ၁-၁၀-၂၀၂၀ရက် (၁၃:၀၀)နာရီ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ရုံးအမှတ် (၃)၊ နေပြည်တော်

၂။ တင်ဒါဖွင့်ဖောက်မည့်ရက်တွင် တင်ဒါတင်သွင်းသူကိုယ်တိုင် ဝန်ကြီးဌာန၊တင်ဒါကော်မတီ၏ ရှေ့မှောက်တွင် အဆိုပြုလွှာအား တင်ဒါပုံးတွင် ထည့်သွင်းယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

၃။ ကုန်သွယ်ရေးဦးစီးဌာနမှ ငှားရမ်းမည့်အခန်းများ၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာမြို့နယ် သို့သွားရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံရောင်းချမည့် နေရာတွင် လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း-၀၆၇-၃၄၀၈၄၁၀ သို့ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါသည်။

 

တင်ဒါစိစစ်ရေးအဖွဲ့

 

၃ စက်တင်ဘာ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us