နယ်စပ်ရေးရာ၀န်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ၏ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်း

September 3, 2020
Views: 672
Tender ID: 10749
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြား တည်ဆောက်ရေး လုပ်ငန်းများ |
တင်ဒါကာလ: September 9, 2020 - October 9, 2020
တည်နေရာ: နေပြည်တော်
ဒေါင်းလုပ် လုပ်ရန်
Description
- :

၁။ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် အောက်ဖော်ပြပါ တိုင်းဒေသကြီး/ပြည်နယ်များနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအား ဘဏ္ဍာရေးနှစ်ကာလအတွင်း အချိန်မီပြီးစီးရန် အလို့ငှာ မြန်မာနိုင်ငံသား လုပ်ငန်းများအားမြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က) နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မွန်ပြည်နယ်၊ကရင်ပြည်နယ်၊တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် ဒေသများရှိလုပ်ငန်းများ။

(ခ) ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဧရာဝတီတိုင်းဒေသကြီးများရှိလုပ်ငန်းများ။

၂။ အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံနှင့်စည်းကမ်းချက်များကို ၉-၉-၂၀၂၀ ရက်တွင် စတင်ရောင်းချမည်ဖြစ်ပြီး တင်ဒါလျှောက်လွှာများကို ၉-၁၀-၂၀၂၀ ရက် ညနေ ၁၆:၃၀ နာရီ နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရန်ဖြစ်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါပုံစံများ ရောင်းချမည့်လိပ်စာနှင့် တင်သွင်းရမည့် လိပ်စာမှာ ရုံးအမှတ် (၄၂)၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖုန်း- ၀၆၇-၄၀၉၄၀၀၊၀၆၇-၄၀၉၁၈၆ နှင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဖုန်း-၀၆၇-၄၀၉၅၇၈၊ ၀၆၇-၄၀၉၃၆၃၊၀၆၇-၄၀၉၄၁၇ နေပြည်တော်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖော်ပြပါဖုန်းနံပါတ်များ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန Website(www.moba.gov.mm) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၄။ တင်ဒါဖွင့်လှစ်မည့်ရက်အားသီးခြားထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါသည်၊၊

 

တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ

နယ်စပ်ရေးရာဝန်ကြီးဌာန

ရုံးအမှတ် (၄၂)၊ နေပြည်တော်

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us