အသား(ဝက်၊အမဲ၊ဆိတ်) ထုတ်လုပ်ရောင်းချခွင့်အား စျေးခုံအများစနစ်ဖြင့် လျှောက်ထားနိုင်ကြောင်း ကြော်ငြာခြင်း (NPTDC)

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြားလုပ်ငန်းများ |
တင်ဒါကာလ: September 11, 2020 - September 15, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။     နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် တိရိစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိသော အသား (ဝက်၊အမဲ၊ဆိတ်) ထုတ်လုပ်ရောင်းချခွင့်အား စျေးခုံအများစနစ်ဖြင့် အောက်ဖော်ပြပါ စျေးခုံနေရာ (၂၀) ခုအား စျေးခုံအများစနစ်ဖြင့် လျှောက်ထားလုပ်ကိုင်ခွင့် ပြုမည်ဖြစ်ပါသည်။

စဉ်      စျေးခုံအမည်                                         အရေအတွက်

(က)     အသားထုတ်လုပ်ရောင်းချခွင့်(ဝက်)စျေးခုံနေရာ      (၉)ခု

(ခ)       အသားထုတ်လုပ်ရောင်းချခွင့်(အမဲ)စျေးခုံနေရာ      (၄) ခု

(ဂ)       အသားထုတ်လုပ်ရောင်းချခွင့်(ဆိတ်)စျေးခုံနေရာ    (၇)ခု

စုစုပေါင်း                                                           (၂၀) ခု

၂။     အသား(ဝက်၊အမဲ၊ဆိတ်)ထုတ်လုပ်ရောင်းချခွင့်အား စျေးခုံအများစနစ်ဖြင့် လုပ်ကိုင်လိုသူများသည် (၄-၉-၂၀၂၀ရက်မှ ၉-၉-၂၀၂၀ရက် - ပထမအကြိမ်ကြော်ငြာ) ၁၁-၉-၂၀၂၀ ရက်မှ ၁၅-၉-၂၀၂၀ ရက်အတွင်း (၁၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပြန်လည်ပြင်ဆင်ထား) ပြည်တော်စည်ပင်သာယာရေးကော်မတီ၊ တိရိစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနသို့ စျေးခုံလုပ်ကိုင်ခွင့်လျှောက်လွှာများ ထုတ်ယူပြီး လာရောက်တင်သွင်းလျှောက်ထားနိုင်ကြောင်းနှင့် စျေးခုံနယ်မြေသတ်မှတ်ချက်များ၊ စည်းကမ်းချက်များအား လျှောက်လွှာနှင့်အတူ အခမဲ့လာရောက်ထုတ်ယူနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

၃။     အသေးစိတ်စုံစမ်းသိရှိလိုပါက တိရိစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာန၊ ဖုန်း-၀၆၇-၄၃၂၄၉၃  သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

စျေးခုံများနေရာချထားမှုကြီးကြပ်ရေးအဖွဲ့

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us