တာယာအဟောင်းဆိုဒ်အစုံ (၁၃၃၆) လုံးနှင့် ဘတ္တရီအဟောင်းဆိုဒ်စုံ (၃၆၂) လုံးတို့အားလေလံတင်ရောင်းချခြင်း (နေပြည်တော်စည်ပင်သာယာရေးကော်မတီ)

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြားလုပ်ငန်းများ |
တင်ဒါကာလ: September 3, 2020 - September 16, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စက်ရုံနှင့်မော်တော်ယာဥ်ဌာနတွင် ထိန်းသိမ်းထားရှိသော တာယာအဟောင်းဆိုဒ်အစုံ (၁၃၃၆) လုံးနှင့် ဘတ္တရီအဟောင်းဆိုဒ်စုံ (၃၆၂) လုံးတို့အား နှစ်ခုပေါင်း၍ Lot တခုတည်းဖြင့် မျက်မြင်အခြေအနေအတိုင်း လေလံတင်ရောင်းချမည်ဖြစ်ပါသည်။

၂။ လေလံလျှောက်လွှာနှင့် စည်းကမ်းချက်များအား (၃.၉.၂၀၂၀) (ကြာသပတေးနေ့) မှစ၍ ရုံးချိန်အတွင်း ဗဟိုပစ္စည်းထိန်းဌာန၌ လျှောက်လွှာတစောင်လျှင် (၂၀၀၀/-) ကျပ်ဖြင့် ထုတ်ယူနိုင်ပြီး လျှောက်လွှာများကို (၁၆-၉-၂၀၂၀) (ဗုဒ္ဓဟူးနေ့) (၁၆:၀၀) နာရီ နောက်ဆုံးထား၍ တင်သွင်းလျှောက်ထားနိုင်ပါသည်။

၃။ အထက်ဖော်ပြပါ တာယာအဟောင်းဆိုဒ်အစုံ (၁၃၃၆) လုံးနှင့် ဘတ္တရီအဟောင်းဆိုဒ်စုံ (၃၆၂) လုံးတို့အား နှစ်ခုပေါင်း၍ Lot တခုတည်းဖြင့် အောက်ဖော်ပြပါ အစီအစဥ်အတိုင်း လေလံတင်ရောင်းချသွားမည်ဖြစ်ပါသည်။

နေ့ရက် -           ၁၇-၉-၂၀၂၀ (ကြာသပတေးနေ့)

အချိန်    -           နံနက် (၁၀:၃၀) နာရီ

နေရာ    -           ဗဟိုပစ္စည်းထိန်းဌာန

၄။ အသေးစိတ်သိရှိလိုသော အချက်အလက်များအား ရုံးချိန်အတွင်း ဗဟိုပစ္စည်းထိန်းဌာန၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ တယ်လီဖုန်းအမှတ် - ၀၆၇-၈၁၀၈၂၈၆ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဥက္ကဌ

(ကော်မတီပိုင်ပစ္စည်းဟောင်းများ ထုခွဲရောင်းချရေးနှင့် စာရင်းပယ်ဖျက်ရေးအဖွဲ့)

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us