လုပ်ငန်းရှင်များသို့ ဓာတ်ဆီနှင့်ဒီဇယ်ဆီများရောင်းချခြင်း (မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း)

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ရေနံထွက်ပစ္စည်း၊ သဘာဝဓာတ်ငွေ့နှင့် စက်သုံးဆီရောင်းဝယ်ရေး |
တင်ဒါကာလ: September 7, 2020 - September 9, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံဓာတုဗေဒစက်ရုံစု(သံပုရာကန်)မှ ထုတ်လုပ်သည့်ဓာတ်ဆီနှင့် ဒီဇယ်ဆီများအား အပတ်စဉ်ပြောင်းလဲသတ်မှတ်သည့် ရောင်းစျေးနှုန်းဖြင့် စက်သုံးဆီအရောင်းဆိုင်များ၊ စက်သုံးဆီတင်သွင်း/ ရောင်းချဖြန့်ဖြူးကုမ္ပဏီများမှ ရေယာဉ်လုပ်ငန်းရှင်များ၊ လမ်းတံတားလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း၊ စက်ရုံအလုပ်ရုံများ၊ သတ္တုတွင်းလုပ်ငန်း၊ စက်သုံးဆီ အသုံးပြု၍လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များသို့ အောက်ပါအတိုင်း မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း၊ ရေနံဓာတုဗေဒစက်ရုံစု(သံပုရာကန်)မှ တိုက်ရိုက်ရောင်းချပေးပါမည်-

လျှောက်လွှာလက်ခံမည့်ရက်       -           ၇-၉-၂၀၂၀ ရက်နေ့ နံနက် (၀၉:၀၀) နာရီ မှ ၉-၉-၂၀၂၀ ရက်နေ့ (၁၆:၀၀) နာရီအထိ (ရုံးချိန်အတွင်း)

ငွေသွင်းစတင်လက်ခံမည့်ရက်      -           ၁၁-၉-၂၀၂၀ ရက်နေ့

ပစ္စည်းထုတ်ပေးမည့်ကာလ          -           ၁၅-၉-၂၀၂၀ ရက်နေ့မှ ၂၁-၉-၂၀၂၀ ရက်နေ့အထိ

ရောင်းချမည့်စျေးနှုန်း                  -           ဓာတ်ဆီတစ်ဂါလန်လျှင် ၁,၈၀၀ ကျပ်(ကျပ်တစ်ထောင့်ရှစ်ရာတိတိ)

-            ဒီဇယ်တစ်ဂါလန်လျှင် ၁,၉၀၀ကျပ်(ကျပ်တစ်ထောင့်ရှစ်ရာတိတိ)

ရောင်းချမည့်ပဏာမ                   -           ဓာတ်ဆီဂါလန်(၁.၀)သန်း(ဂါလန်တစ်သန်း)

ဒီဇယ်ဆီဂါလန်                          -           (၂.၀)သန်း(ဂါလန်နှစ်သန်း)

၂။ လျှောက်လွှာအား E-mail- (ref3manngm@mail.com) ဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ သင့်ရာနည်းဖြင့် စက်ရုံသို့ တိုက်ရိုက်လျှောက်ထားနိုင်ပါသည်။

၃။ ရောင်းချမည့်ပုံစံနှင့် စည်းကမ်းချက်အသေးစိတ်အားသိရှိလိုပါက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန Website (www.moee.gov.mm)သို့ ဝင်ရောက်ကြည့်ရှု၍လည်းကောင်း၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုဌာန ဖုန်း-၀၆၇-၃၄၁၁၀၈၂ နှင့် ရေနံဓာတုဗေဒစက်ရုံစု(သံပုရာကန်)၊ ဖုန်း-၀၉-၄၀၁၅၅၄၅၅၀၂၊ ၀၉ ၄၀၁၅၅၄၈၀၄ တို့သို့ လည်းကောင်းရုံးချိန်အတွင်း ဆက်သွယ်၍ မေးမြန်းစုံစမ်းနိုင်ပါသည်။

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us