စစ်တောင်းတံတားအသုံးပြုကောက်ခံခြင်း လုပ်ငန်း (၃) နှစ်လုပ်ပိုင်ခွင့်လိုင်စင်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြားလုပ်ငန်းများ |
တင်ဒါကာလ: September 10, 2020 - September 28, 2020
တည်နေရာ: မွန်ပြည်နယ်
Description
- :

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ လက်ရှိတံတားအသုံးပြုခကောက်ခံနေသော စစ်တောင်းတံတား မြန်မာ့မီးရထား၏(၁-၁၀-၂၀၂၀)ရက်မှ (၃၀-၉-၂၀၂၃)ရက်အထိ တံတားအသုံးပြုကောက်ခံခြင်း လုပ်ငန်း (၃) နှစ်လုပ်ပိုင်ခွင့်လိုင်စင်ကို နိုင်ငံသားလုပ်ငန်းရှင်များသို့ အောက်ဖော်ပြပါအတိုင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပါသည်။

(က) အိတ်ဖွင့်တင်ဒါဆောင်ရွက်မည့်တံတား          -           စစ်တောင်းတံတား (သိမ်ဇရပ်၊မြန်မာမီးရထား)

(ခ) စျေးနှုန်းတင်သွင်းလွှာနှင့်စည်းကမ်းချက်များ ဝယ်ယူနိုင်သောနေရာ          -           မန်နေဂျာ(သွားလာရေး/တိုင်း) ရုံး၊ အမှတ်(၈)တိုင်း၊ မော်လမြိုင်မြို့

(ဂ) အိတ်ဖွင့်တင်ဒါနောက်ဆုံးပေးသွင်းရမည့်ရက်နှင့်အချိန်   -           (၂၈-၉-၂၀၂၀)ရက်(တနင်္လာနေ့)၊ ရုံးချိန်အတွင်း

(ဃ) အိတ်ဖွင့်တင်ဒါပေးသွင်းရမည့်နေရာ   -           မန်နေဂျာ(သွားလာရေး/တိုင်း)ရုံး၊ အမှတ်(၈)တိုင်း၊ မော်လမြိုင်မြို့

(င) အိတ်ဖွင့်တင်ဒါဖွင့်လှစ်မည့်ရက်စွဲနှင့်အချိန်       -           (၂၉-၉-၂၀၂၀)ရက် အင်္ဂါနေ့၊ (၁၄:၀၀) နာရီ

(စ) အိတ်ဖွင့်တင်ဒါဖွင့်လှစ်မည့်နေရာ        -           မန်နေဂျာ(သွားလာရေး/တိုင်း)ရုံး၊ အမှတ်(၈)တိုင်း၊ မော်လမြိုင်မြို့

မှတ်ချက်။ အိတ်ဖွင့်တင်ဒါဝယ်ယူခွင့်တောင်းခံလွှာနှင့်စည်းကမ်းချက်များအား တစ်စုံလျှင် ၁၀၀၀၀/- နှုန်းဖြင့် (၁၀-၉-၂၀၂၀) ရက်မှစ၍ (၂၅-၉-၂၀၂၀) ရက်နေ့ရုံးချိန်အတွင်း မန်နေဂျာ(သွားလာရေး/တိုင်း)ရုံး၊ အမှတ်(၈)တိုင်း၊ မော်လမြိုင်မြို့တွင် ဝယ်ယူနိုင်ပါသည်။

တင်ဒါရွေးချယ်စိစစ်ရေးကော်မတီ

မွန်ပြည်နယ်၊မော်လမြိုင်မြို့

ဖုန်း-၀၅၇-၂၀၂၄၈၂၁

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us