လွိုင်ကော်မြို့တွင် ၀န်ထမ်းအိမ်ရာ (၂) ထပ် (RC) အဆောက်အအုံတလုံးတည်ဆောက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: September 10, 2020 - October 9, 2020
တည်နေရာ: ကယားပြည်နယ်
Description
- :

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ ကယားပြည်နယ်ရုံး၊ လွိုင်ကော်မြို့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံတစ်လုံး တည်ဆောက်လိုပါသဖြင့် မြန်မာနိုင်ငံသား ကုမ္ပဏီလုပ်ငန်းရှင်များအား သတ်မှတ်ချက်နှင့်အညီ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က) ဆောင်ရွက်မည့်လုပ်ငန်း      -           ဝန်ထမ်းအိမ်ရာ အဆောက်အအုံတစ်လုံး၊ အလျားပေ ၈၀၊ အနံပေ ၄၀၊ (၄) ခန်းတွဲ၊ (၂) ထပ် (RC)

(ခ) တင်ဒါလျှောက်လွှာ စတင်ရောင်းချမည့်ရက်      -           ၁၀-၉-၂၀၂၀ရက် (ကြာသပတေးနေ့)

(ဂ) တင်ဒါလျှောက်လွှာ နောက်ဆုံးတင်သွင်းရမည့်ရက်        -           ၉-၁၀-၂၀၂၀ရက် (သောကြာနေ့)၊ ၁၆:၀၀ နာရီ

(ဃ) တင်ဒါလျှောက်လွှာရယူရမည့်နေရာ                           -           သတ္တုတွင်းဦးစီးဌာန၊ ကယားပြည်နယ်ရုံး ဒေါဥခူရပ်ကွက်၊ လွိုင်ကော်မြို့

၂။ ဆောက်လုပ်လိုသည့် ကုမ္ပဏီလုပ်ငန်းရှင်များသည် အောက်ဖော်ပြပါ ဆောင်ရွက်လိုသည့်လုပ်ငန်း အား အတိုင်းအတာ၊ ဒီဇိုင်းပုံစံကို လက်ရှိမြေပြင်အခြေအနေအတိုင်းအတာအရ အသေးစိတ်တွက်ချက်၍ ရေးဆွဲတင်ပြရန်ဖြစ်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊  သတ္တုတွင်းဦးစီးဌာန၊ ကယားပြည်နယ်ရုံး၊ လွိုင်ကော်မြို့၊ ဖုန်း - ၀၈၃-၂၂၂၄၁၇၄ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

ကယားပြည်နယ်တင်ဒါကော်မတီ

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us