ထရန်စဖော်မာများ၀ယ်ယူခြင်းနှင့် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာခွဲရုံများအတွက် ကွန်ကရစ်တိုင်များ ၀ယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဓာတ်အားပေး စက်ရုံ တည်ဆောက်ခြင်း၊ ဓာတ်အားပေး လုပ်ငန်းများနှင့် ဆက်စပ်ပစ္စည်းများ |
တင်ဒါကာလ: September 11, 2020 - October 12, 2020
တည်နေရာ: နေပြည်တော်
Description
- :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အောက်ပါပစ္စည်းများအား မြန်မာကျပ်ငွေ (Kyat) ဖြင့်ဝယ်ယူလိုပါသည်။

(က) ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ပြည်ထောင်စုဘက်ဂျက်ဖြင့် ဆောင်ရွက်မည့် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းများအတွက် လိုအပ်သော ၆၆/၁၁ ကေဗွီ နှင့် ၃၃/၁၁ ကေဗွီ ထရန်စဖော်မာများအား Item အလိုက် ဝယ်ယူရန်

(ခ) ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကရင်၊မွန်၊ရခိုင်၊ရှမ်း(တောင်)၊ရှမ်း(မြောက်)၊ စစ်ကိုင်း၊ ပဲခူး (အရှေ့)၊ ပဲခူး(အနောက်)၊ မကွေးနှင့်ဧရာဝတီတိုင်းဒေသကြီးများရှိ ကျေးရွာ ၄၅၀ ရွာ၏ ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာခွဲရုံများအတွက် ကွန်ကရစ်တိုင်များအား Lot အလိုက် ဝယ်ယူရန်

တင်ဒါပိတ်မည့်ရက်        -           ၁၂-၁၀-၂၀၂၀ ရက်

တင်ဒါပိတ်မည့်အချိန်      -           မွန်းတည့် ၁၂ နာရီ

၂။ တင်ဒါပုံစံနှင့်အချက်အလက်များကို သတ်မှတ်နှုန်းထားအတိုင်းဝယ်ယူ၍ သတ်မှတ်ထားသော ရက်များအတွင်း လျှောက်ထားရမည်။

၃။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း-၀၆၇-၈၁၀၄၂၄၄၊ ၀၆၇-၈၁၀၄၂၄၅၊ Fax-၀၆၇-၈၁၀၄၂၄၆ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

တင်ဒါကော်မတီ

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us