BBC Media Action, Myanmar က (KSK) Program အတွက် ရုပ်မြင်သံကြားမဂ္ဂဇင်းစီးရီးများ၊ ပြည်သူ့၀န်ဆောင်မှုကြေညာချက်များနှင့် Digital Content များ ရိုက်ကူးရန်အတွက် စိတ်၀င်စားမှုအဆိုပြုလွှာ ခေါ်ယူခြင်း

September 11, 2020
Views: 280
Tender ID: 10991
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: စိတ်၀င်စားမှုအဆိုပြုလွှာ
လုပ်ငန်း အမျိုးအစား: | အခြား ဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုး |
တင်ဒါကာလ: September 11, 2020 - September 24, 2020
ကုမ္ပဏီ အမည်: BBC Media Action, Myanmar
အဖွဲ့အစည်း: | |   
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

BBC Media Action, Myanmar ၏ “ခံစားကြည့် အစီအစဥ်” ရိုက်ကူးတင်ဆက်ရန်အတွက် နည်းပညာဆိုင်ရာ ထုတ်လုပ်ရေး၀န်ဆောင်မှု (စက်ပစ္စည်းနှင့် ၀န်ထမ်းများအပါအ၀င်) ပံ့ပိုးနိုင်သော လုပ်ငန်းရှင်များသို့ စိတ်၀င်စားမှုအဆိုပြုလွှာနှစ်ခု (009/09/2020) နှင့် (010/09/2020) ကို တင်သွင်းရန် ဖိတ်ခေါ်ပါသည်။  အဆိုပြုလွှာတင်သွင်းသော လုပ်ငန်းများသည် ရုပ်မြင်သံကြားမဂ္ဂဇင်း (၁၁) ခု၊ ပြည်သူ့၀န်ဆောင်မှုကြေညာချက် (၄) ခု နှင့်  တနှစ်တာအတွင်း ရက်ပေါင်း (၆၀) ရှိသော Digital Content ရိုက်ကူးရေးခရီးစဥ်များကို ဆောင်ရွက်ပေးရပါမည်။

စိတ်ပါ၀င်စားသူများအနေဖြင့် BBC Media Action ရုံးခန်းတွင် အကြိုအရည်အသွေးသတ်မှတ်မှုဆိုင်ရာ မေးခွန်းလွှာများကို မိမိတို့၏ ကုမ္ပဏီအမည်ဖြင့် ရယူနိုင်ပြီး ၂၄-၉-၂၀၂၀ ပြည့်နှစ် မြန်မာစံတော်ချိန် ညနေ ၅ နာရီ မတိုင်မီ ပြန်လည်တင်သွင်းရမည်။

အကြိုအရည်အချင်းသတ်မှတ်မှုဆိုင်ရာ မေးခွန်းလွှာတွင်ပါ၀င်သော အနိမ့်ဆုံးအရည်အချင်းသတ်မှတ်ချက်များ-

(၁) မြန်မာနိုင်ငံတွင် တရား၀င်မှတ်ပုံတင်ထားပြီးသော ကုမ္ပဏီဖြစ်ရမည်။

(၂) ရုပ်မြင်သံကြားအစီအစဥ်ရိုက်ကူးရေးလုပ်ငန်းတွင် အနည်းဆုံး (၂) နှစ် အတွေ့အကြုံရှိရမည်။

(၃) အသံပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ နည်းပညာများကို တတ်ကျွမ်းနားလည်သော ၀န်ထမ်း (အနည်းဆုံး (၆) ‌ယောက်) နှင့်တကွ  ရုပ်မြင်သံကြားရိုက်ကူးရေး စက်ပစ္စည်းများဖြင့် ၀န်ဆောင်မှုပေးနိုင်ရမည်။

အကြိုအရည်အချင်းသတ်မှတ်ချက်များအောင်မြင်သော လျှောက်ထားသူများကို ၂၈-၉-၂၀၂၀ ရက်နေ့တွင် အကြောင်းကြားပေးမည်ဖြစ်ပြီး တင်ဒါဆက်လက်ယှဥ်ပြိုင်နိုင်ပါမည်။

အခြားသိလိုသောအချက်များကို မဆုရည်နန္ဒာ၊ Logistics and Procurement Officer သို့ ၁၁-၉-၂၀၂၀ ရက်နေ့မှ ၁၈-၉-၂၀၂၀ ရက်နေ့ထိ၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပြီး တင်ဒါစာရွက်စာတမ်း (PQQ) များကို BBC Media Action . အမှတ် (၆)၊ ၀င်္ကဘာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - 95 (0) 1 54 54 55 (Ext-213), 09-254108613, 09-264964705 သို့ ဆက်သွယ်ရယူနိုင်ပါသည်။

 

-New Light Of Myanmar

Contact Information
Phone: 09-254108613
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us