YUPT Public Co.,Ltd ရှိ ယာဥ်များ၏ ယာဥ်ကြံခိုင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် တင်ဒါခေါ်ယူခြင်း

September 16, 2020
Views: 206
Tender ID: 11182
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ယာဉ်၊ စက်ကိရိယာနှင့် အပိုပစ္စည်း |
တင်ဒါကာလ: September 16, 2020 - September 30, 2020
ကုမ္ပဏီ အမည်: ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (YUPT Public Co.,Ltd.)
အဖွဲ့အစည်း: | |   
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ပိုင် ခရီးသည်တင်ယာဉ်များ ကြံ့ခိုင်ရေးနှင့် သက်တမ်းပြည့်ပြေးဆွဲနိုင်ရေးအတွက် အောက်ပါယာဉ်ကြံ့ခိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ပါသည်-

(က) လေစစ်လေမှုတ်

(ခ) ရေတိုင်ကီလေမှုတ်

(ဂ) တာဘိုတိုင်ကီလေမှုတ်

(ဃ) အင်ဂျင်ခန်းလေမှုတ်

(င) လေချိန်(အဲယားကွန်းဇကာလေမှုတ်)

(စ) ကလပ်ထိုးတံချိန်

(ဆ) ဘရိတ်ရှူးချိန်

(ဇ) အမဲဆီပတ်လည်ထိုး

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့်စည်းကမ်းများကို ၁၆-၉-၂၀၂၀ ရက်မှစ၍ (၀၉:၃၀ နာရီ မှ ၁၆:၃၀ နာရီ) ရုံးချိန်အတွင်း ၅၀၀၀/- ကျပ်ဖြင့် ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (YUPT Public Co.,Ltd.) အမှတ် (၂၉၆)၊ သံသုမာလမ်း၊(၁၅) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်တွင် လာရောက်ဝယ်ယူနိုင်ပါသည်။

တင်ဒါတင်သွင်းရမည့်ကုမ္ပဏီများသည် တင်ဒါအဆိုပြုလွှာအပြည့်အစုံကို ၃၀-၉-၂၀၂၀ ရက်၊ ၁၂:၀၀ နာရီ နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရပါမည်။ နောက်ကျတင်သွင်းသော တင်ဒါများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။

၃။ အိတ်ဖွင့်တင်ဒါနှင့်သက်ဆိုင်သည့် အသေးစိတ်သိရှိလိုသောအချက်များရှိပါက ဖုန်း-၀၉-၄၂၅၀၂၂၀၃၁၊ ၀၉-၅၀၆၅၃၇၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်၊၊

တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့

ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး

အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us