ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်နှင့် ရုံးအုတ်တံတိုင်းကာရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

September 17, 2020
Views: 116
Tender ID: 11220
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: September 23, 2020 - October 16, 2020
တည်နေရာ: နေပြည်တော်
Description
- :

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန

ရုံးချုပ်ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်နှင့်

ဇမ္ဗူသီရိမြို့နယ် ရုံးအုတ်တံတိုင်းကာရန်အတွက်

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။     ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် လယ်ယာမြေစီမံခန့်ခွဲ

ရေးနှင့်စာရင်းအင်းဦးစီးဌာန(ရုံးချုပ်)နေပြည်တော်တွင် (၆၈’.၆” * ၅၃’ * ၄၄’) အရွယ်ရှိ RC (၄)ခန်းတွဲ (ရေ၊ မီး၊ မိလ္လာအပါအဝင်) အဆောက်အဦး(၁)လုံးဆောက်လုပ်ရန်နှင့် ဇမ္ဗူသီရိမြို့နယ်ရုံးတွင် ဂိတ်တံခါး (၁၅’) (၂) ချပ်အပါအဝင် အရှည် (၂၇၀’) ရှိ အုတ်တံတိုင်းကာရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူလိုပါ သည်၊၊

၂။     တင်ဒါလျှောက်လွှာများကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန (ရုံးချုပ်)၊ရုံးအမှတ် (၁၅)၊နေပြည်တော်တွင် ၂၃-၉-၂၀၂၀ ရက်မှစ၍ ဝယ်ယူနိုင်ပြီး ၁၆-၁၀-၂၀၂၀ ရက် ညနေ ၁၆:၀၀ နာရီ တွင် တင်ဒါပိတ်သိမ်းပါမည်။

၃။     သတ်မှတ်တင်ဒါလျှောက်လွှာပုံစံကိုသာ အသုံးပြုလျှောက်ထားရန်ဖြစ်ပြီး အခြားလျှောက်လွှာပုံစံ များကို အသုံးပြုခြင်း၊ သတ်မှတ်တင်ဒါပုံစံကို ပြည့်စုံစွာဖြည့်စွက်ထားခြင်းမရှိသော တင်ဒါပုံစံများကို ရွေးချယ်မှုပြုမည်မဟုတ်ပါ။

၄။     တင်ဒါပုံစံဝယ်ယူခြင်း အပါအဝင်တင်ဒါခေါ်ယူသည့် တည်ဆောက်ရေးလုပ်ငန်းများ၏အသေးစိတ်

အချက်အလက်များ စည်းကမ်းချက်များနှင့်ပတ်သက်၍ အောက်ပါလိပ်စာတွင် ရုံးချိန်အတွင်း စုံစမ်း

မေးမြန်းနိုင်ပါသည်။

 

တင်ဒါခေါ်ယူရေးနှင့်စိစစ်လက်ခံရေးကော်မတီ

လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန

ရုံးအမှတ် (၁၅)၊နေပြည်တော်

ဖုန်း-၀၆၇-၄၁၀၆၅၆၊၀၆၇-၄၁၀၁၃၆

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us