မီးသတ်စခန်း၊ မီးသတ်ရုံး၊ ၀န်ထမ်းနေအိမ်တည်ဆောက်ခြင်းနှင့် မီးသတ်ယာဥ်၊ သူနာတင်ယာဥ်၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာများ ၀ယ်ယူခြင်း

September 18, 2020
Views: 463
Tender ID: 11255
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: September 21, 2020 - October 20, 2020
တည်နေရာ: ရှမ်းပြည်နယ်
Description
- :

၁။     ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနမှ အောက်ဖော်ပြပါ တည်ဆောက်ရေးနှင့် ပစ္စည်းဝယ်ယူရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က) တည်ဆောက်ရေးလုပ်ငန်း

(1)  ပြည်နယ်(၄)ထပ်မီးသတ်ရုံး၊စခန်း၊ဝန်ထမ်းနေအိမ်ပါ(ရေသန့်/လျှပ်စစ်ပါ) - (၁) လုံး

(2)  ခရိုင်မီးသတ်(၂)ထပ်စခန်း(ရေသန့်/လျှပ်စစ်ပါ) - (၁) လုံး

(3)  မြို့နယ်(၄)ထပ်မီးသတ်ရုံး၊စခန်း၊ဝန်ထမ်းနေအိမ်ပါ(ရေသန့်/လျှပ်စစ်ပါ) - (၁) လုံး

(4)  (၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းနေအိမ်(ရေသန့်/လျှပ်စစ်ပါ) - (၁) လုံး

(5)  (၄)ခန်းတွဲ(၂)ထပ် ဝန်ထမ်းနေအိမ်(ရေသန့်/လျှပ်စစ်ပါ) - (၂) လုံး

 

(ခ) မီးသတ်ယာဉ်၊မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းကိရိယာများ

(1)  မီးသတ်ယာဉ်၊ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့်သူနာတင်ယာဉ် - (၁၃) စီး

(2)  မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာ - (၂) မျိုး

(3)  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းကိရိယာ - (၃) မျိုး

၂။     တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို ၂၁-၉-၂၀၂၀ ရက်မှ ၂၀-၁၀-၂၀၂၀ ရက်ထိနေ့စဉ် ရုံးချိန်အတွင်း လာရောက်ဝယ်ယူနိုင်ပါသည်။

၃။     အိတ်ဖွင့်တင်ဒါအဆိုပြုလွှာများကို ၂၀-၁၀-၂၀၂၀ ရက်ထိရုံးချိန်အတွင်း နောက်ဆုံးထား၍ တင်ဒါစိစစ်ရေးအဖွဲ့ရှေ့မှောက်တွင် တင်ဒါတင်သွင်းရန်ဖြစ်ပါသည်။သတ်မှတ်ကာလထက်ကျော်လွန် သော တင်ဒါများကိုထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

၄။     အိတ်ဖွင့်တင်ဒါပုံစံနှင့်အသေးစိတ်အချက်အလက်များကို ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံး၊ တောင်ကြီးမြို့ ဖုန်း(၀၈၁-၂၁၂၁၆၇၁/၀၈၁-၂၀၆၈၁၀) သို့ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

ပြည်နယ်မီးသတ်ဦးစီးမှူးရုံး

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us