Server များ၊ Storage များ၊ Laptop များဝယ်ယူခြင်းနှင့် System & Application Upgrading လုပ်ငန်းများ အကောင်အထည်ဖော်ခြင်းတို့ အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

September 20, 2020
Views: 188
Tender ID: 11382
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ကွန်ပျူတာ၊ ရုံးသုံးစက်ပစ္စည်းများနှင့် စာရေးကိရိယာ |
တင်ဒါကာလ: September 22, 2020 - September 29, 2020
တည်နေရာ: နေပြည်တော်
Description
- :

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

၁။     မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အကောင်အထည်ဖော်လျက်ရှိသည့် ငွေရေးကြေးရေးတိုးတက်ရေးစီမံကိန်း (FSDP) အောက်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် Hardware Requirement for Accounting System အတွက်လိုအပ်နေသော Server များ၊ Storage များ၊ Laptop များ၊ ယင်းတို့နှင့် ဆက်စပ်သည့် လိုင်စင်များ၊ Server Mirgration လုပ်ငန်းများ၊ Oracle Database Upgrade လုပ်ငန်းများနှင့်  EBS Application Upgrade လုပ်ငန်းများကို အကောင်အထည်ဖော်ခြင်းတို့ အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန်ဖိတ်ခေါ်အပ်ပါသည်။

၂။     တင်ဒါစည်းကမ်းချက်များပါဝင်သောအိတ်ဖွင့်တင်ဒါပုံစံကို ၂၂-၉-၂၀၂၀ ရက်မှ ၂၃-၉-၂၀၂၀ ရက် အထိ နံနက် ၁၁ နာရီမှ ညနေ ၃:၃၀ နာရီအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊  နေပြည်တော်၊ ရုံးအမှတ်(၅၅)၊ စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်(ရန်ကုန်ဘဏ်ခွဲ)၊ အမှတ် ၂၆(က)၊ စက်မှုလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၃။     အိတ်ဖွင့်တင်ဒါများကို ၂၉-၉-၂၀၂၀ ရက် နံနက် ၉:၃၀ မှ မွန်းလွဲ ၂ နာရီအတွင်း မူရင်းများနှင့် CD Soft Copy တစ်စုံအား မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၊ ရုံးအမှတ်(၅၅)၊ စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနသို့လည်းကောင်း၊ မိတ္တူတစ်စုံနှင့် CD Soft Copy အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်(ရန်ကုန်ဘဏ်ခွဲ)၊ အမှတ် ၂၆(က)၊ စက်မှုလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို သို့လည်းကောင်းချိပ်ပိတ်တင်သွင်းရန်ဖြစ်ပါသည်။(သတ်မှတ်ကာလထက်ကျော်လွန်သောတင်ဒါများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။)

၄။     အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် တင်ဒါတန်ဖိုး၏ ၁% အား တင်ဒါအာမခံကြေးအဖြစ် ၃ လ သက်တမ်းရှိသော Bank Guarantee အား သတ်မှတ်တင်ဒါစာရွက်စာတမ်းများနှင့်အတူ ချိပ်ပိတ်တင်သွင်းရပါမည်။(ငွေသား သို့မဟုတ် P.O Cheque ဖြင့်တင်သွင်းခြင်းကိုလုံးဝလက်ခံမည်မဟုတ်ပါ။)

၅။     အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ နေပြည်တော်၊ ညွှန်ကြားရေးမှူး၊ ဖုန်း-၀၆၇-၃၄၁၈၅၉၅၊ လက်ထောက်ညွှန်ကြားရေးမှူး  ဖုန်း-၀၆၇-၃၄၁၈၁၇၁ နှင့် စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန(ရန်ကုန်ဘဏ်ခွဲ)၊လက်ထောက်ညွှန်ကြားရေးမှူး  ဖုန်း-၀၁-၉၅၅၅၅၃၀၊ ၀၁-၉၅၅၉၄၈၉ နှင့် Email:pcu.fsdp@cbm.gov.mm သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

တင်ဒါကော်မတီ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us