လမ်းသားတိုးချဲ့ကွန်ကရစ်ခင်းခြင်း၊ AC လမ်းခင်းခြင်း လုပ်ငန်းများအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

September 20, 2020
Views: 141
Tender ID: 11384
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: September 22, 2020 - October 20, 2020
တည်နေရာ: ကချင်ပြည်နယ်
Description
- :

ကချင်ပြည်နယ်အစိုးရအဖွဲ့

လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

၁။     ကချင်ပြည်နယ်၊ လမ်းဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းတွင် လမ်းသားတိုးချဲ့ကွန်ကရစ်ခင်းခြင်း၊ မန္တလေး-လားရှိူး-ဗန်းမော်-မြစ်ကြီးနားလမ်းတွင် လမ်းချဲ့၍ AC လမ်းခင်းခြင်း လုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာရေးနှစ် အတွင်းပြီးစီးအောင် ဆောင်ရွက်ရန်ရှိပါသဖြင့် ဆောင်ရွက်လိုသောလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါ တင်သွင်းရန်ဖိတ်ခေါ်အပ်ပါသည်-

(က) တင်ဒါလျှောက်လွှာရောင်းချမည့်ရက် - (၂၂-၉-၂၀၂၀) (ရုံးချိန်အတွင်း)

(ခ) တင်ဒါတင်သွင်းရမည့်နောက်ဆုံးရက်/အချိန် - (၂၀-၁၀-၂၀၂၀) ညနေ (၄:၃၀) နာရီ

(ဂ) တင်ဒါလျှောက်လွှာတင်သွင်းရမည့်နေရာ - ညွှန်ကြားရေးမှူးရုံး၊ လမ်းဦးစီးဌာန ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် cekachin@gmail.com

၂။     တင်ဒါလျှောက်လွှာပုံစံနှင့်စည်းကမ်းချက်များကို ရုံးချိန်အတွင်း လူကိုယ်တိုင်ဖြင့်သော်လည်း ကောင်း၊ Online ဖြင့်သော်လည်းကောင်း တင်ဒါလျှောက်လွှာများအား ရောင်းချမည်ဖြစ်ပြီး တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များသိရှိလိုပါက အတွင်းရေးမှူး၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ (ညွှန်ကြားရေးမှူးရုံး၊ လမ်းဦးစီးဌာန၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို၊ ဖုန်း-၀၇၄-၂၅၂၂၃၃၂၊၂၅၂၂၃၆၉) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

လမ်းဦးစီးဌာန၊ ကချင်ပြည်နယ်

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us