အထူးစုံစမ်းရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးတွင် ၀န်ထမ်းအိမ်ရာဆောက်လုပ်ခြင်းလုပ်ငန်း

September 23, 2020
Views: 665
Tender ID: 11499
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: September 23, 2020 - October 22, 2020
တည်နေရာ: ရှမ်းပြည်နယ်
Description
- :

၁။ အထူးစုံစမ်းရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးအနေဖြင့် တောင်ကြီးမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများအား ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာကျပ်ငွေဖြင့် လုပ်ငန်းလုပ်ကိုင်လိုသော မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ ကုမ္ပဏီများအား သတ်မှတ်ချက်များနှင့်အညီ အိတ်ဖွင့်တင်ဒါတင်သွင်းရန်ဖိတ်ခေါ်အပ်ပါသည်-

ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့တွင် (၁၀၀*၄၀*၃၁) ပေရှိသော (၆) ခန်းတွဲ (၃) ထပ် သံကူကွန်ကရစ်ဝန်ထမ်းအိမ်ရာ (၁) လုံးတည်ဆောက်ခြင်း (Lot-1)

၂။ ဆောက်လုပ်လိုသည့် ကုမ္ပဏီများသည် ကော်မတီမှသတ်မှတ်ထားသော ဆောက်လုပ်မည့်ဒီဇိုင်း ပုံစံကို လက်ရှိမြေပြင်သို့ သွားရောက်တိုင်းတာစစ်ဆေးကာအသေးစိတ်တိုင်းတာတွက်ချက် ရေးဆွဲတင်ပြရန်ဖြစ်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါစည်းကမ်းချက်များနှင့်ပုံစံများကို ၂၃-၉-၂၀၂၀ ရက်နေ့ (၉:၃၀) နာရီမှစ၍ ရုံးချိန်အတွင်း အထူးစုံစမ်းရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံး၊တောင်ကြီးမြို့တွင်စတင်ရောင်းချမည်ဖြစ်ပြီး ၂၂-၁၀-၂၀၂၀ ရက်နေ့ (၁၇:၀၀) နာရီ နောက်ဆုံးထား၍ ရှမ်းပြည်နယ်ရုံးသို့ တင်ဒါတင်သွင်းရမည် ဖြစ်ပါသည်။

၄။ တင်ဒါဖွင့်မည့်ရက်အား ကြိုတင်ဆက်သွယ်၍ အကြောင်းကြားပေးမည်ဖြစ်ပါသည်။

၅။ အိတ်ဖွင့်တင်ဒါနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း အထူးစုံစမ်းရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံး၊ တောင်ကြီးမြို့၊ ဖုန်း(၀၈၁-၂၁၂၁၂၈၈) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

အထူးစုံစမ်းရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံး

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us