စာသင်ဆောင်၊ ကျောင်းခြံစည်းရိုး၊ ၀န်ထမ်းအိမ်ရာနှင့် ကျောင်းသူ/သားဆောင်များ ဆောက်လုပ်ခြင်း

September 24, 2020
Views: 439
Tender ID: 11568
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 1, 2020 - October 31, 2020
တည်နေရာ: ပဲခူးတိုင်းဒေသကြီး
Description
- :

၁။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပညာရေး၀န်ကြီးဌာန၊ နည်းပညာအသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ပဲခူး)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ငူ) တို့တွင် အောက်ဖော်ပြပါတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ပါသည်။

 

၁။ အစိုးရစက်မှုလက်မှုသိပ္ပံ (ပဲခူး)

ပင်မဆောင် (သံကူကွန်ကရစ် ၃ ထပ်၊ (၂၁၇’ x ၁၃၀’) (၁) လုံး (Plinth Level (5’) Portico အပါအ၀င်)

 

၂။ အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ)

(၁) (၄) ခန်းတွဲ၊ (၄) ထပ် ၀န်ထမ်းအိမ်ရာ (၇၈’ x ၉၄’) (၂) လုံး Plinth Level (4’)

(၂) (၁၂၀) ဆံ့ ကျောင်းသား/သူဆောင် RC (၃) ထပ်၊ (၂၁၁’ x ၇၀’) (၂) လုံး Plinth Level (4’)

(၃) စာသင်ဆောင် RC (၂) ထပ်တိုက် (၁၉၂’ x ၃၈’) (၁) လုံး (ရေ၊ မီး၊ မိလ္လာ Apron & Drain ရေလှောင်ကန် ၆၀၀၀ ဂါလန် အပါအ၀င်) Plinth Level (3’)

 

၃။ အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ငူ)

(၁) ကျောင်း၀င်းခြံစည်းရိုးပြုလုပ်ခြင်း ( Chain Link 1776’ 5’ and Brick Fencing 1000’ x 5’)

(၂) (၁၂၀) ဆံ့ ကျောင်းသား/သူဆောင် RC (၃) ထပ်၊ (၂၁၁’ x ၇၀’) (၁) လုံး

(၃) (၄) ခန်းတွဲ (၄) ထပ် ၀န်ထမ်းအိမ်ရာ (အမှုထမ်း) (၈၂’ x ၁၅၇’) (၁) လုံး

 

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၁-၁၀-၂၀၂၀ ရက်မှစတင်၍ ရောင်းချမည်ဖြစ်ပြီး ၃၁-၁၀-၂၀၂၀ ရက် ၊ ညနေ ၄ ၃၀ နာရီ နောက်ဆုံးထား၍ အိတ်ဖွင့်တင်ဒါများကို အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ငူ) တွင် တင်သွင်းရမည်ဖြစ်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် မိမိတင်သွင်းလိုသည့်လုပ်ငန်းအတွက် သတ်မှတ်တင်ဒါအာမခံကြေးကို ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်များတွင် ကျသင့်ငွေပေးသွင်းပြီး အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ငူ) ဘဏ္ဍာရေးနဌာနတင် ငွေသွင်းပြေစာမိတ္တူကို သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံနှင့်အတူ ပူးတွဲ၍ တင်သွင်းရမည်။ လုပ်ငန်းတခုထက်ပိုမို၍ တင်ဒါတင်သွင်းလိုပါက မိမိတင်သွင်းလိုသည့် လုပ်ငန်းအမျိုးအစားအားလုံးအတွက် တင်ဒါအာမခံကြေးကို ပေးသွင်းပြီး သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံတခုချင်း တင်သွင်းရမည်ဖြစ်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါနှင့်သက်ဆိုင်သည့် အသေးစိတ်သိရှိလိုသော အချက်များရှိပါက အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ငူ) သို့ ဖုန်း - ၀၉-၄၅၉၄၉၅၄၅၅ နှင့် Email – gthstgo@dtve.org ဖြင့် လည်းကောင်း၊ လူကိုယ်တိုင်လည်းကောင်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

တင်ဒါကော်မတီ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us