ရာမောင်တံတား၊ မြောင်းဘွေတံတား၊ ရွာချောင်းကြီးတံတားနှင့် ပြွန်ရှည်တံတားလုပ်ငန်းများအတွက် လိုအပ်သော Ready Mixed Concrete၊ ဘိလပ်မြေ၊ သံချောင်းလုံး၊ ဒီဇယ်ဆီများ ၀ယ်ယူခြင်း

September 24, 2020
Views: 411
Tender ID: 11572
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: September 24, 2020 - October 21, 2020
တည်နေရာ: ရခိုင်ပြည်နယ်
Description
- :

တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၂)၊ တံတားအထူးအဖွဲ့ (၇)

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း (အမှတ်စဥ် - ၁/၂၀၂၀-၂၀၂၁)

၁။ ဆောက်လုပ်ရေး၀န်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့ (၂)၊ တံတားအထူးအဖွဲ့ (၇) မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်မည့် ရာမောင်တံတား၊ မြောင်းဘွေတံတား၊ ရွာချောင်းကြီးတံတားနှင့် ပြွန်ရှည်တံတားလုပ်ငန်းများအတွက် လိုအပ်သော အောက်ဖော်ပြပါ တည်ဆောက်ရေးပစ္စည်းများကို (မြန်မာကျပ်ငွေ) ဖြင့် လုပ်ငန်းခွင်အရောက် ၀ယ်ယူလိုပါ၍ လုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါလျှောက်လွှာများ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

 

၂။ ၀ယ်ယူမည့်ပစ္စည်းစာရင်း

(က) Ready Mixed Concrete

(ခ) ဘိလပ်မြေ

(ဂ) သံချောင်းလုံးရွယ်စုံ

(ဃ) ဒီဇယ်ဆီ

 

၃။ တင်ဒါပုံစံစတင်ရောင်းချမည့်ရက်/အချိန် -           ၂၄-၉-၂၀၂၀ ရက် (ရုံးချိန်အတွင်း)

၄။ တင်ဒါလျှောက်လွှာပိတ်မည့်ရက်/အချိန် -           ၂၁-၁၀-၂၀၂၀ ရက်၊ မွန်းတည့် ၁၂ နာရီတိတိ

၅။ တင်ဒါရွေးချယ်မည့်ရက်/အချိန်             -           ၂၃-၁၀-၂၀၂၀ ရက် (အင်္ဂါနေ့)၊ မွန်းလွဲ ၁ နာရီ

၆။ တင်ဒါပုံစံရောင်းချမည့်နေရာ               -           ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ တံတားအထူးအဖွဲ့ (၇)၊ စစ်တွေမြို့

၇။ တင်ဒါစိစစ်ရွေးချယ်မည့်နေရာ             -           ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၀န်း၊ ပြည်နယ်လမ်းဦးစီးဌာန၊ အစည်းအ‌‌ဝေးခန်းမ၊ သတ္တဌာနလမ်း၊ စစ်တွေမြို့။

၈။ တင်ဒါစိစစ်ရွေးချယ်ခြင်းအစီအစဥ်အား Coronavirus Disease 2019 (COVID – 19) ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရန် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်မည်ဖြစ်ပါသည်။

၉။ တင်ဒါလျှောက်လွှာပုံစံ၊ စည်းကမ်းချက်များနှင့် ပစ္စည်းအသေးစိတ်စာရင်းအချက်အလက်များကို သိရှိလိုပါက ရုံးချိန်အတွင်း အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်း၀ယ်ယူနိုင်ပါသည်။

ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ တံတားအထူးအဖွဲ့ (၇)၊ စစ်တွေမြို့

ဖုန်း - ၀၄၃-၂၀၂၄၅၄၄၊ ၀၉-၂၅၂၁၆၁၀၁၈၊ ၀၉-၄၄၈၀၃၈၃၄၈

 

တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us