အစိုးရနည်းပညာအထက်တန်းကျောင်း (ကလေး) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (တမူး) တို့အတွက် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

September 25, 2020
Views: 197
Tender ID: 11631
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 1, 2020 - October 29, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

၁။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပညာရေး၀န်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ကလေး) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (တမူး) တို့အတွက် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(၁) အစိုးရနည်းပညာအထက်တန်းကျောင်း (ကလေး)

(က) (၈၀) ဆံ့ ကျောင်းသား/သူဆောင် (၂၁၁’ x ၇၀’) RC (၂) ထပ် (၂) လ့ုး

(ခ) ဆရာ/မဆောင် RC (၄) ခန်းတွဲ (၄) ထပ် (၇၈’ x ၉၄’) (၁) လုံး

(ဂ) ကျောင်း၀င်းမြေနေရာ (၂၃.၃၃) ဧကအား အုတ်တံတိုင်း ခြံစည်းရိုးခတ်ခြင်း

(၂၉၀၀ ပေ) အုတ်တံတိုင်းအမြင့် ၃’ ၆” သံပန်းအမြာင့် ၂’၊ ၉” x ၉” အုတ်တိုင် ၁၀’ ခြား၊ ၂၀’ x ၆၀’ ဂိတ်တံခါး (၂) ခု

 

(၂) အစိုးရနည်းပညာအထက်တန်းကျောင်း (တမူး)

(က) ၀န်ထမ်းအိမ်ရာ (၇၈’ ၉၄’) (၂) ထပ် RC (၄) ခန်းတွဲ (၁) လုံး

(ခ) မီးလိုင်းသွယ်တန်းခြင်းလုပ်ငန်း၊ ထရန်စဖော်မာ 11/0.4KV 315 KVA တည်ဆောက်ခြင်း၊ 0.4 KV မီးလိုင်း (၃၀၀၀) ပေ သွယ်တန်းခြင်း

(ဂ) ရေရှိရေးလုပ်ငန်း (ဂါလန် ၁၀၀၀၀ ဆံ့ ရေလှောင်ကန်၊ ဂါလန် ၂၄၀၀ ဆံ့ ၃၀’ အမြင့်ရေစင်၊ ၄” အဝီစိတွင်း ၄၀၀ ပေ၊ Pump (2HP) အပါအ၀င်)

 

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၁-၁၀-၂၀၂၀ ရက်မှစ၍ ‌ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို ၂၉-၁၀-၂၀၂၀ ရက်၊ ညနေ ၄:၀၀ နာရီနောက်ဆုံးထား၍ အစိုးရနည်းပညာအထက်တန်းကျောင်း (ကလေး)တွင် တင်ဒါများတင်သွင်းရမည် ဖြစ်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် မိမိတင်သွင်းလိုသည့်လုပ်ငန်းအတွက် သတ်မှတ်တင်ဒါအာမခံကြေးကို ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်များတွင် ကျသင့်ငွေပေးသွင်းပြီး အစိုးရနည်းပညာအထက်တန်းကျောင်း (ကလေး) ဘဏ္ဍာရေးဌာနတွင် ငွေသွင်းပြေစာ မိတ္တူကို သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံနှင့်အတူ တင်သွင်းရမည်။ လုပ်ငန်းတခုထက်ပိုမို၍ တင်ဒါတင်သွင်းလိုပါက မိမိတင်သွင်းလိုသည့်လုပ်ငန်းအမျိုးအစားအားလုံးအတွက် တင်ဒါအာမခံကြေးကို ပေးသွင်းပြီး သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံတခုချင်း တင်သွင်းရမည်ဖြစ်ပါသည်။

၄။ အိတ်ဖွင့်တင်ဒါပုံစံ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဖုန်း -၀၉-၂၅၆၃၀၀၈၁၂ နှင့် ၀၉-၂၅၇၅၆၃၃၆၇ တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

(တင်ဒါကော်မတီ)

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မုံရွာမြို့

 

၂၅ စက်တင်ဘာ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us