လမ်းဦးစီးဌာန၊ တည်ဆောက်ရေး (၂)၊ လမ်းအထူးအဖွဲ့ (၂၄)၊ မြိတ်မြို့မှဆောင်ရွက်မည့် လမ်း/တံတားလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများ၀ယ်ယူခြင်း

September 25, 2020
Views: 183
Tender ID: 11636
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: October 13, 2020 - October 23, 2020
တည်နေရာ: တနင်္သာရီတိုင်းဒေသကြီး
Description
- :

လမ်းဦးစီးဌာန၊ တည်ဆောက်ရေး (၂)၊ လမ်းအထူးအဖွဲ့ (၂၄)၊ မြိတ်မြို့

တင်ဒါအမှတ်စဥ် (၁/၂၀၂၀-၂၀၂၁) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ဆောက်လုပ်ရေး၀န်ကြီးဌာန၊ လမ်းဦးစီးဌာန၊ တည်ဆောက်ရေး (၂)၊ လမ်းအထူးအဖွဲ့ (၂၄)၊ မြိတ်မြို့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လမ်း/တံတားလုပ်ငန်းများတွင် အသုံးပြုမည့် စံချိန်စံညွှန်းမီ အရည်အသွေးပြည့်ဝသော လုပ်ငန်းသုံးပစ္စည်းများအား မြန်မာကျပ်ငွေဖြင့် ၀ယ်ယူမည်ဖြစ်ပါသောကြောင့် စိတ်၀င်စားသည့်လုပ်ငန်းရှင်များအနေဖြင့် လျှောက်လွှာများ တင်သွင်းနိုင်ပါကြောင်း အသိပေးကြေညာ၍ ဖိတ်ခေါ်အပ်ပါသည်။

တင်ဒါပုံစံရောင်းချမည့်ရက်                      -           ၁၃-၁၀-၂၀၂၀ ရက် (အင်္ဂါနေ့)

တင်ဒါပိတ်မည့်ရက်/အချိန်                       -           ၂၃-၁၀-၂၀၂၀ ရက် (သောကြာနေ့) ၊ မွန်းတည့် ၁၂:၀၀ နာရီ

တင်ဒါဖွင့်မည့်ရက်/အချိန်                         -           ၂၆-၁၀-၂၀၂၀ ရက် (တနင်္လာနေ့)၊ မွန်းလွဲ ၁:၀၀ နာရီ

တင်ဒါဖွင့်မည့်နေရာ                                -           ဒုတိယညွှန်ကြားရေးမှူးရုံး၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၂၄)၊ မြိတ်မြို့၊

ဖုန်း - ၀၅၉၄၁၉၁၈

တင်ဒါစည်းမျဥ်းစည်းကမ်း၊ တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို အထက်ဖော်ပြပါလိပ်စာတွင် ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

တင်ဒါကော်မတီ

တည်ဆောက်ရေး (၂)၊ လမ်းအထူးအဖွဲ့ (၂၄)

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us