အစိုးရနည်းပညာအထက်တန်းကျောင်း (မုံရွာ) တွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါခေါ်ယူခြင်း

September 25, 2020
Views: 264
Tender ID: 11639
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 1, 2020 - October 31, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

၁။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပညာရေး၀န်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (မုံရွာ) တွင် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က) ကျောင်း၀င်းကွန်ကရစ်လမ်းခင်းခြင်း (၂၄၅၂’ ၁၂’ ၆”)

(ခ) (၁၆၀) ဆံ့ ကျောင်းသားအိပ်ဆောင် (၂၁၁’ x ၇၀’) RC (၄) ထပ် (၁) လုံး

(ဂ) ဆရာ/မဆောင် RC (၄) ခန်းတွဲ (၄) ထပ် (၇၈’ x ၉၄’) (၁) လုံး

(ဃ) စာသင်ဆောင်သံကူကွန်ကရစ် (၂) ထပ် (၁၉၂’ x ၃၈’) (၁) လုံး

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၁-၁၀-၂၀၂၀ ရက်မှစ၍ ‌ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို ၃၁-၁၀-၂၀၂၀ ရက်၊ ညနေ ၄:၃၀ နာရီနောက်ဆုံးထား၍ အစိုးရနည်းပညာအထက်တန်းကျောင်း (မုံရွာ)တွင် တင်ဒါများတင်သွင်းရမည် ဖြစ်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် မိမိတင်သွင်းလိုသည့်လုပ်ငန်းအတွက် သတ်မှတ်တင်ဒါအာမခံကြေးကို ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်များတွင် ကျသင့်ငွေပေးသွင်းပြီး အစိုးရနည်းပညာအထက်တန်းကျောင်း (ကလေး) ဘဏ္ဍာရေးဌာနတွင် ငွေသွင်းပြေစာ မိတ္တူကို သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံနှင့်အတူ တင်သွင်းရမည်။ လုပ်ငန်းတခုထက်ပိုမို၍ တင်ဒါတင်သွင်းလိုပါက မိမိတင်သွင်းလိုသည့်လုပ်ငန်းအမျိုးအစားအားလုံးအတွက် တင်ဒါအာမခံကြေးကို ပေးသွင်းပြီး သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံတခုချင်း တင်သွင်းရမည်ဖြစ်ပါသည်။

၄။ အိတ်ဖွင့်တင်ဒါပုံစံ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဖုန်း -၀၉-၂၅၆၀၆၆၆၂၈ နှင့် ၀၉-၇၉၄၄၀၀၆၄၇ နှင့် Email : gthsmya@dtve.org တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

(တင်ဒါကော်မတီ)

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မုံရွာမြို့

 

၂၅ စက်တင်ဘာ ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

 

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us