ချင်းပြည်နယ်တွင် ကျောင်းဆောင်နှင့်ရုံးအဆောက်အအုံသစ်များ ဆောက်လုပ်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

September 26, 2020
Views: 123
Tender ID: 11693
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 1, 2020 - October 28, 2020
အဖွဲ့အစည်း: | |   
တည်နေရာ: ချင်းပြည်နယ်
Description
- :

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပညာရေးဝန်ကြီးဌာန

အခြေခံပညာဦးစီးဌာန

ချင်းပြည်နယ်ပညာရေးမှူးရုံး

ဟားခါးမြို့

အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း

၁။     ချင်းပြည်နယ်အစိုးရအဖွဲ့-ဟားခါးမြို့၏ကြီးကြပ်ဦးဆောင်မှုဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး)ခွင့်ပြုရန်ပုံငွေမှ ချင်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်း/ရုံး (၁၀၉) ၏ကျောင်းဆောင်နှင့်ရုံးအဆောက်အအုံသစ်များ ဆောက်လုပ်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်ကုမ္ပဏီများအား သတ်မှတ်ချက်များနှင့်အညီ အိတ်ဖွင့်တင်ဒါ (Open Tender) တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

အိတ်ဖွင့်တင်ဒါစတင်ရောင်းချမည့်ရက် - ၁-၁၀-၂၀၂၀ ရက်(ရုံးချိန်)

အိတ်ဖွင့်တင်ဒါပိတ်မည့်ရက်၊အချိန် - ၁၄-၁၀-၂၀၂၀ ရက်(ရုံးချိန်) (သန်း ၁၀၀ အောက်)

အိတ်ဖွင့်တင်ဒါပိတ်မည့်ရက်၊အချိန် - ၂၈-၁၀-၂၀၂၀ ရက်(ရုံးချိန်) (သန်း ၁၀၀ အထက်)

တင်ဒါတင်သွင်းရမည့်နေရာ - ပြည်နယ်ပညာရေးမှူးရုံး၊ ချင်းပြည်နယ်၊ဟားခါးမြို့

၂။ အိတ်ဖွင့်တင်ဒါတင်သွင်းရန် အသေးစိတ်အချက်အလက်များ သိရှိလိုပါက အောက်ဖော်ပြပါဌာန တွင် လူကိုယ်တိုင်ဖြစ်စေ၊တယ်လီဖုန်းဖြင့်ဖြစ်စေ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်-

ချင်းပြည်နယ်ပညာရေးမှူးရုံး-ဟားခါးမြို့၊ ဖုန်း-၀၉-၂၆၅၂၄၅၆၅၅၊ ၀၉-၂၅၉၀၄၅၂၉၀

 

အိတ်ဖွင့်တင်ဒါခေါ်ယူရေးကော်မတီ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us