ကျေးလက်လမ်း၊တံတားလုပ်ငန်း အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း (ဧရာဝတီတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန)

September 26, 2020
Views: 252
Tender ID: 11696
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: October 15, 2020 - November 4, 2020
တည်နေရာ: ဧရာဝတီတိုင်းဒေသကြီး
Description
- :

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

(ဧရာဝတီတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန)

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

၁။     ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ဆောင်ရွက်မည့် ကျေးလက်လမ်း၊တံတားလုပ်ငန်းများအား လုပ်ငန်းတင်ဒါများကိုဆောင်ရွက်လိုပါ၍ မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါဖိတ်ခေါ်အပ်ပါသည်။

 

၂၊၊     တင်ဒါလျှောက်လွှာပုံစံများကို ၁၅-၁၀-၂၀၂၀ ရက်မှ ၂၈-၁၀-၂၀၂၀ ရက် အထိရုံးချိန်အတွင်း ရောင်းချပေးသွားမည်ဖြစ်ပြီး ၄-၁၁-၂၀၂၀ ရက် ညနေ ၄ နာရီ နောက်ဆုံးထားတင်သွင်းရန်ဖြစ်ပါသည်။

 

၃၊၊     တင်ဒါပုံစံရောင်းချမည့်လိပ်စာနှင့်တင်ဒါပေးသွင်းရမည့်လိပ်စာမှာ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုသိမ် မြို့နယ်စုပေါင်းရုံး၊မြတ်တိုစုပေါင်းရုံးလမ်း၊အမှတ်(၁၃)ရပ်ကွက်၊ ပုသိမ်မြို့ဖြစ်ပါသည်။

 

၄။    အသေးစိတ်သိရှိလိုသောအချက်အလက်များအား ၁၅-၁၀-၂၀၂၀ ရက်မှစ၍ တိုင်းဒေသကြီးရုံး၊ ဖုန်း-၀၄၂-၂၉၂၇၃နှင့် ၀၄၂-၂၉၂၇၄ သို့လည်ကောင်း၊ခရိုင်/မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးများသို့လည်းကောင်း ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us