အစိုးရစက်မှုသိပ္ပံ (ကန့်ဘလူ)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ကသာ) တို့တွင် ကျောင်းသား/သူဆောင်၊ အလုပ်ရုံ၊ ၀န်ထမ်းအိမ်ရာများ တည်ဆောက်ခြင်းလုပ်ငန်း

September 26, 2020
Views: 107
Tender ID: 11706
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 1, 2020 - October 29, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

၁။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပညာရေး၀န်ကြီးဌာန၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုသိပ္ပံ (ကန့်ဘလူ)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ကသာ) တို့တွင် အောက်ဖော်ပြပါတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

 

၁။ အစိုးရစက်မှုသိပ္ပံ (ကန့်ဘလူ)

(က) ၈၀ ဆံ့ ကျောင်းသား/သူဆောင် (၂၀၀’ x ၇၀’) RC (၂) ထပ် သံကူကွန်ကရစ် (၁) လုံး

(ခ) ဘောလုံးအားကစားကွင်း (၃၃၀’ x ၁၈၀’) (၁) ကွင်း ပြုလုပ်ရန် မြေညှိခြင်း၊ သဲဖြည့်ခြင်း၊ ဂိုးတိုင်ပြုလုပ်ခြင်းနှင့် ဘေးပတ်ပတ်လည် ၆’ အကျယ် အုတ်စီလမ်းများ ဆောင်ရွက်ခြင်း

(ဂ) အလုပ်ရုံ Steel Structure (၁၂၅’ x ၈၂’) (၁) ထပ် (၁) လုံး

 

၂။ အစိုးရစက်မှုလက်မှုသိပ္ပံ (ကသာ)

(က) ပင်မဆောင် သံကူကွန်ကရစ် (၃) ထပ် (၂၁၇’ x ၁၃၀’) (၁) လုံး Portico အပါအ၀င်

(ခ) ၀န်ထမ်းအိမ်ရာ သံကူကွန်ကရစ် (၄) ခန်းတွဲ (၄) ထပ် (၇၈’ x ၉၄’) (၁) လုံး

(ဂ) ၀န်ထမ်းအိမ်ရာ သံကူကွန်ကရစ် (၄) ခန်းတွဲ (၄) ထပ် (၇၈’ x  ၉၄’) (၁) လုံး

(ဃ) ကျောင်းသား/သူဆောင် သံကူကွန်ကရစ် (၂) ထပ် (၂၁၁’ x ၇၀’) (၁) လုံး

(င) ကျောင်းသား/သူဆောင် သံကူကွန်ကရစ် (၃) ထပ် (၂၁၁’ x ၇၁’) (၁) လုံး

(စ) အလုပ်ရုံ (၁၅၀’ x ၇၅’) Steel Structure (၁) ထပ် (၁) လုံး

 

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၁-၁၀-၂၀၂၀ ရက်မှစတင်၍ ရောင်းချမည်ဖြစ်ပြီး ၂၉-၁၀-၂၀၂၀ ရက်၊ ညနေ ၄ နာရီ နောက်ဆုံးထား၍ အိတ်ဖွင့်တင်ဒါအများကို အစိုးရစက်မှုလက်မှုသိပ္ပံ (ကန့်ဘလူ) တွင် တင်သွင်းရမည် ဖြစ်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် မိမိတင်သွင်းလိုသည့် လုပ်ငန်းအတွက် သတ်မှတ်တင်ဒါအာမခံကြေးကို ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်များတွင် ကျသင့်ငွေပေးသွင်းပြီး အစိုးရစက်မှုလက်မှုသိပ္ပံ (ကန့်ဘလူ) ဘဏ္ဍာရေးဌာနတွင် ငွေသွင်းပြေစာမိတ္တူကို သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံနှင့်အတူ ပူးတွဲ၍ တင်သွင်းရမည်။ လုပ်ငန်းတခုထက်ပိုမို၍ တင်ဒါတင်သွင်းလိုပါက မိမိတင်သွင်းလိုသည့် လုပ်ငန်းအအမျိုးအစားအားလုံးအတွက် တင်ဒါအာမခံကြေးကို ပေးသွင်းပြီး သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံတခုချင်း တင်သွင်းရမည်ဖြစ်ပါသည်။

၄။ အိတ်ဖွင့်တင်ဒါနှင့် သက်ဆိုင်သည့် အသေးစိတ်သိရှိလိုသော အချက်များရှိပါက အစိုးရစက်မှုလက်မှုသိပ္ပံ (ကန့်ဘလူ) သို့ ဖုန်း ၀၉-၂၅၆၅၇၅၂၄၅၊ ၀၉-၂၅၆၅၇၅၂၄၆ နှင့် Email – gtikbu@dtve.org ဖြင့် လည်‌းကောင်း၊ လူကိုယ်တိုင်လည်းကောင်း၊ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

တင်ဒါကော်မတီ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မုံရွာမြို့

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us