ကွန်ပျူတာတက္ကသိုလ်(မုံရွာ)တွင် ကျောင်းသူ/သားအိပ်ဆောင်၊ ဆရာ/မဆောင်၊ အားကစားခန်းမ၊ စားသောက်ဆိုင်ခန်းများ တည်ဆောက်ခြင်းလုပ်ငန်း

September 27, 2020
Views: 138
Tender ID: 11755
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 1, 2020 - October 30, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

၁။     စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ကျောင်းသစ် မြေနေရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ငွေအလုံးအရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေဖြင့် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

ကွန်ပျူတာတက္ကသိုလ်(မုံရွာ) (ယင်းမာပင်ခရိုင်၊ကန်ချောင်ကျေးရွာ)

၁။ (၁၆၀) ဦးဆံ့ ကျောင်းသား/ကျောင်းသူ အိပ်ဆောင် (၂) ဆောင်ဘေး ကျောက်စီမြေထိန်းနံရံကာရံခြင်း (၁၂၀၀’ * ၁’၆” * ၈’၀”)

၂။ ဘက်စုံသုံးအားကစားခန်းမ (၁၂၀’ * ၈၈’ * ၂၇”) (ရေမီးအပါအဝင်)၊ အဝင်လမ်း(၁၀၀’ * ၁၂’ * ၈”) ဆောက်လုပ်ခြင်းလုပ်ငန်း ၊ Steel Structure

၃။ စားသောက်ဆိုင်ခန်း (၁) ထပ် (၁၂၅’ * ၃၅’) (ပြင်ပမီးသွယ်တန်းခြင်းအပါအဝင်) (၁) လုံးဆောက်လုပ်ခြင်းလုပ်ငန်း

၄။ ၁၆၀ ဦးဆံ့ ကျောင်းသား/ကျောင်းသူ အိပ်ဆောင် (၂)ထပ် RC (၂၁၂’ * ၁၃၂’) (၂၆၉၂၄ စ/ပေ)(၁)လုံးနှင့်ထမင်းစားဆောင် (၁၂၂’ * ၄၈’) (၅၈၅၆ စ/ပေ) (ရေမီးအပါအဝင်)၊ အဆောင်အဝင်လမ်း (၂၀၀’ * ၁၂’ * ၈”)၊ ပြင်ပရေ (၄”) အဝီစိတွင်း၊ ဂါလန် ၁၂၀၀၀ ဆံ့မြေအောက်ရေလှောင်ကန်၊ 5.5HP Submersible Pump နှင့် အဆောက်အအုံပြင်ပမီးသွယ်တန်းခြင်းအပါအဝင် ဆောက်လုပ်ခြင်းလုပ်ငန်း

၅။ ၄ ခန်းတွဲ ၄ ထပ် ဆရာ/မအဆောင် RC (၁၀၀’ * ၃၀’)၊ အဆောင်အဝင်လမ်း (၁၀၀’ * ၁၂’ * ၈”)၊ပြင်ပရေ (၄”) အဝီစိတွင်း၊ ဂါလန် ၁၂၀၀၀ဆံ့မြေအောက်ရေလှောင်ကန်၊5.5HP Submersible Pump နှင့် အဆောက်အအုံပြင်ပ မီးသွယ်တန်းခြင်းအပါအဝင်(၁) လုံးတည်ဆောက်ခြင်းလုပ်ငန်း

 

၂။     အိတ်ဖွင့်တင်ဒါနှင့်စည်းကမ်းချက်များကို ၁-၁၀-၂၀၂၀ ရက်မှစ၍ ကွန်ပျူတာတက္ကသိုလ် (မုံရွာ)တွင် ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့် တင်ဒါများကို ၃၀-၁၀-၂၀၂၀ ရက် ၁၆:၀၀ နာရီ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်သည်။

၃။     အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် မိမိတင်သွင်းလိုသည့်လုပ်ငန်းအတွက် သတ်မှတ်တင်ဒါ အာမခံကြေးကို သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်တွင် PO (Payment Order)ပေးသွင်းနိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရမည့် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၏ဘဏ္ဍာရေးဌာနသို့ အပ်နှံရမည်။

၄။     အိတ်ဖွင့်တင်ဒါရောင်းချမည့်လိပ်စာနှင့် အိတ်ဖွင့်တင်ဒါတင်သွင်းရမည့်လိပ်စာမှာ ကွန်ပျူတာ တက္ကသိုလ်(မုံရွာ) ဖြစ်ပါသည်။

၅။     အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၊ ဖုန်း-၀၉-၉၆၃၀၀၈၇၁၀၊၀၉-၄၀၀၁၈၂၄၉၆ နှင့် ၀၉-၄၀၀၄၅၂၂၀၅ တို့သို့ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

အိတ်ဖွင့်တင်ဒါခေါ်ယူရေးကော်မတီ

ကွန်ပျူတာတက္ကသိုလ်(မုံရွာ)

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us