စစ်ကိုင်းတက္ကသိုလ်တွင် ဘွဲ့နှင်းသဘင်ခန်းမဆောင်၊ ကျောင်းသူ/သားအိပ်ဆောင်၊ ဝန်ထမ်းအိမ်ရာ၊ ဘောလုံးကွင်း အစရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်တင်ဒါခေါ်ယူခြင်း

September 27, 2020
Views: 134
Tender ID: 11770
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: September 28, 2020 - October 28, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

၁။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်မည့် စစ်ကိုင်းတက္ကသိုလ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငံရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ပါသည်။

(၁) ဘွဲ့နှင်းသဘင်ခန်းမဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း (၁၉၈’ x ၁၆၂’ x ၃၆’) RC ပြင်ပရေရှိအောင် ဆောင်ရွက်ခြင်းနှင့် ပြင်ပမီးဆက်သွယ်တပ်ဆင်ခြင်းလုပ်ငန်း အပါအ၀င် Air-con တပ်ဆင်ခြင်း၊ (Sound System အပါအ၀င်)

(၂) ဆရာမဆောင်ရှေ့လမ်းမှ ရုက္ခဗေဒဌာန၊ ဆရာဆောင်ရှေ့လမ်း၊ (၂) ဦးဆံ့ ဆရာ၊ ဆရာမဆောင်ရှေ့မှ အနောက်မြောက်ခြံစည်းရိုးပတ်လမ်းထိ သွားသောလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (4500’ x 18’ x 0’.6”) နှင့် Box Culvert (25’ x 5’ x 6’) (၂) လုံး အပါအဝင်

(၃) မီတာ (၄၀၀) ပြေးလမ်းအပါအဝင် ဘောလုံးကွင်းတည်ဆောက်ခြင်းလုပ်ငန်း (၆၀၀ ပေ x ၄၀၀ ပေ)

(၄) (၄) ခန်းတွဲ (၄) ထပ် ဆရာ/ဆရာမဆောင် (၁) လုံးတည်‌ဆောက်ခြင်း၊ RC (၁၀၀’ x ၃၀’) ပြင်ပ (၄ လက်မ အ၀ီစိတွင်း၊ ဂါလန် ၁၂၀၀၀ ဆံ့ မြေအောက်ရေလှောင်ကန် ၊ 5.5 HP Submersible Pump နှင့် အဆောက်အအုံ)၊ ပြင်ပမီးသွယ်တန်းခြင်းအပါအ၀င်)

(၅) (၄) ခန်းတွဲ (၄) ထပ် ၀န်ထမ်းအိမ်ရာ (၁) လုံးတည်‌ဆောက်ခြင်း (၁၀၂’ x ၂၅’)RC  (ရေ၊ မီး အပါအ၀င်)

(၆) (၁၆၀) ဦးဆံ့ ကျောင်းသား/သူအိပ်ဆောင် (၂) ထပ် RC (၂၁၂’ x ၁၃၂’) (၂၆၉၂၄ စ/ပေ) (၁) လုံးနှင့် ထမင်းစားဆောင် (၁၂၂’ x ၄၈’) (၅၈၅၆ စ/ပေ) (ရေ၊ မီး အပါအ၀င်)၊  အဆောင်အ၀င်လမ်း (၂၀၀’ x ၁၂’ x ၈”) ပြင်ပရေဂါလန် ၁၂၀၀၀ ဆံ့ အောက်ရေလှောင်ကန်၊ Pump House ၊ ပြင်ပမီးသွယ်တန်းခြင်းအပါအဝင် ဆောက်လုပ်ခြင်းလုပ်ငန်း (၃၂၇၈၀ စ/ပေ)

(၇) (၁၆၀) ဦးဆံ့ ကျောင်းသူဆောင်အတွက် ပြင်ပရေရရှိရေးလုပ်ငန်း (၈” အဝီစိတွင်း (၅၀၀’) (၁) တွင်း ၊ ဂါလန် (၃၀၀၀၀) ဆံ့ Ground Tank ၊ ဂါလန် (၈၀၀၀) ဆံ့ (၃၀) ပေ အမြင့် RC ရေစင် (၂) လုံး၊ Compressor 3” (10 HP) Power Motor, (5HP) Combine Pump Motor (2) လုံး၊ Pump House (8’ x 6’ x 7’) အပါအ၀င်

(၈) ဝိဇ္ဇာ‌ဆောင် (၆) ရှေ့လမ်းမှ (၁၆၀) ဆံ့ ကျောင်းသားဆောင်လမ်းထိပ်နှင့် ခြံစည်းရိုးပတ်လမ်းအထိ (၃၀၀၀) ပေ 400 V လိုင်းဆွဲ၍ LED လမ်းမီးများ တပ်ဆင်ခြင်း

(၉) ကျောင်းသားကျောင်းသူဆောင်နှင့် (၂၀) ဦးဆံ့ ဆရာမဆောင်များအား ခြံစည်းရိုး Chain Link ကာရန်ခြင်းလုပ်ငန်း (၃၈၀၀’)

 

၂။ တင်ဒါလျှောက်လွှာပုံစံ စတင်ရောင်းချမည့်ရက်  -           ၂၈-၉-၂၀၂၀ ရက် ၊ တနင်္လာနေ့ (ရုံးချိန်အတွင်း)

၃။ တင်ဒါပိတ်မည့်ရက်/အချိန်                              -           ၂၈-၁၀-၂၀၂၀ ရက်၊ (ဗုဒ္ဓဟူးနေ့) ၊ ညနေ ၄ ၃၀ နာရီထိ

၄။ တင်ဒါလျှောက်လွှာဝယ်ယူရမည့်နေရာ              -           အင်ဂျင်နီယာဌာန၊ စစ်ကိုင်းတက္ကသိုလ်

၅။ အိတ်ဖွင့်တင်ဒါတင်သွင်းရမည့်နေရာ                 -           သိပ္ပံဆောင် (၁)၊ အစည်းအဝေးခန်းမ

၆။ အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် မိမိတင်သွင်းလိုသည့်လုပ်ငန်းအတွက် သတ်မှတ်တင်ဒါ အာမခံကြေးကို စစ်ကိုင်းတက္ကသိုလ် ဘဏ္ဍာဌာနတွင် ငွေပေးသွင်းပြီး ငွေသွင်းပြေစာမိတ္တူကို သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံနှင့်အတူ ပူးတွဲ၍ တင်သွင်းရမည်။ လုပ်ငန်းတစ်ခုထက်ပိုမို၍ တင်ဒါတင်ခွင့်လိုပါက မိမိတင်သွင်းလိုသည့် လုပ်ငန်းအမျိုးအစားအားလုံးအတွက် တင်ဒါအာမခံကြေးကို ပေးသွင်းပြီး သတ်မှတ်အိတ်ဖွင့် တင်ဒါပုံစံတစ်ခုချင်း တင်သွင်းရမည်ဖြစ်ပါသည်။

၇။     အသေးစိတ်သိရှိလိုပါက စစ်ကိုင်းတက္ကသိုလ်၏ ဖုန်းနံပါတ် ၀၉-၄၅၀၀၂၂၁၆၁၊ ၀၉-၂၀၂၁၆၂၅၊ ၀၉-၄၅၄၄ ၂၆၆၀၇ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါခေါ်ယူရေးကော်မတီ

စစ်ကိုင်းတက္ကသိုလ်

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us