ပြည်ထဲရေး၀န်ကြီးဌာန၏ တပ်ဖွဲ့/ဦးစီးဌာနများအတွက် လိုအပ်သော စက်နှင့် စက်ပစ္စည်းများ၊ ရုံးသုံးစက်ကိရိယာများ၊ ရုံးသုံးပရိဘောဂများနှင့် ရုံးသုံးပစ္စည်းများ၊ မီးသတ်ယာဥ်များ၊ ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ရှာဖွေရေးလုပ်ငန်းသုံးပစ္စည်းများ၊ လုံခြုံရေး၊ စစ်ဆေးရေးပစ္စည်းများ ၀ယ်ယူခြင်း

September 28, 2020
Views: 359
Tender ID: 11813
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ယာဉ်၊ စက်ကိရိယာနှင့် အပိုပစ္စည်း |
တင်ဒါကာလ: October 1, 2020 - October 26, 2020
အဖွဲ့အစည်း: | |   
တည်နေရာ: နေပြည်တော်
ဒေါင်းလုပ် လုပ်ရန်
ဖိုင်: 04102020_BSI_Equipment.pdf
Description
- :

၁။ ပြည်ထဲရေး၀န်ကြီးဌာန၊ ပစ္စည်း၀ယ်ယူမှု စိစစ်ရေးကော်မတီသည် အောက်ဖော်ပြပါ တပ်ဖွဲ့/ဦးစီးဌာနများအတွက် လိုအပ်သော စက်နှင့် စက်ပစ္စည်းများ၊ ရုံးသုံးစက်ကိရိယာများ၊ ရုံးသုံးပရိဘောဂများနှင့် အခြားရုံးသုံးပစ္စည်းများ၊ မီးသတ်ယာဥ်များ၊ ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ရှာဖွေရေးလုပ်ငန်းသုံးပစ္စည်းများ၊ လုံခြုံရေး၊ စစ်ဆေးရေးပစ္စည်းများ ၀ယ်ယူရန်ရှိပါသဖြင့် ပြည်တွင်းမြန်မာနိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ အဆိုပါပစ္စည်းတင်သွင်းလိုသော ပြည်တွင်းမြန်မာနိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်များသည် တင်ဒါအဆိုပြုလွှာများကို ၁-၁၀-၂၀၂၀ ရက်မှစ၍ နေပြည်တော်၊ ပြည်ထဲရေး၀န်ကြီးဌာန၊ ၀န်ကြီးရုံး၊ သက်ဆိုင်ရာ တပ်ဖွဲ့/ဦးစီးဌာနများတွင် ၀ယ်ယူနိုင်ပြီး ၂၆-၁၀-၂၀၂၀ ရက်၊ ညနေ ၁၆ ၀၀ နာရီ နောက်ဆုံးထား၍ ပြည်လည်တင်သွင်းရမည်ဖြစ်ပါသည်။ လုပ်ငန်းရှင်များသည် တင်ဒါအဆိုပြုလွှာအား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ပြန်လည်တင်သွင်းရမည်ဖြစ်ပါသည်။

၃။ တင်ဒါဖွင့်လှစ်မည့်ရက်အား နိုင်ငံပိုင်သတင်းစာမှ ထပ်မံကြေညာမည်ဖြစ်ပါသည်။

၄။ အသေးစိတ်အချက်အလက်များသိရှိလိုပါက အောက်ပါတယ်လီဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

(က) ဝန်ကြီးရုံး - ဖုန်း - ၀၆၇-၃၄၁၂၄၃၇၊ ၀၆၇-၃၄၁၂၆၂၁

(ခ) မြန်မာနိုင်ငံရဲတပ်ဖွဲ့ -  ဖုန်း-၀၆၇-၃၄၁၂၅၁၂၊ ၀၆၇-၃၄၁၂၄၀၂

(ဂ) အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန  -  ဖုန်း-၀၆၇-၃၄၃၁၃၉၀၊ ၀၆၇-၃၄၃၁၃၉၅

(ဃ) အကျဉ်းဦးစီးဌာန -  ဖုန်း-၀၆၇-၃၄၃၁၄၂၀၊ ၀၆၇-၃၄၃၁၄၂၆

(င) မီးသတ်ဦးစီးဌာန - ဖုန်း-၀၆၇-၄၃၂၀၀၂၅၊ ၀၁-၆၆၁၅၄၄

 

ပစ္စည်း၀ယ်ယူမှု စိစစ်ရေးကော်မတီ

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us