ရွှေဘိုတက္ကသိုလ်တွင် ကျောင်းသူ/သားအိပ်ဆောင်၊ စာသင်ဆောင်၊ ဆရာ/မဆောင်နှင့် ဖူဆယ်ကွင်းတည်ဆောက်ခြင်း လုပ်ငန်းများ

September 29, 2020
Views: 110
Tender ID: 11824
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 1, 2020 - November 3, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

၁။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်မည့် ရွှေဘိုတက္ကသိုလ်၏လုပ်ငန်းများ ဖြစ်သော ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ပါသည်-

(က) (၁၆၀)ဦးဆံ့ ကျောင်းသား/သူအိပ်ဆောင် ၂ထပ် ၁လုံး ဆောက်လုပ်ခြင်း(၂၁၂’ x ၃၄’ x ၂၄’) ၊ စားဖိုဆောင်+ထမင်းစားဆောင် (၁၂၂’ x ၃၈’) R.C (ရေမီးအပါအဝင်)၊ ၄” ϕ ရေတွင်း၊ ဂါလန် (၁၅၀၀၀) ဆံ့ရေလှောင်ကန်၊ ဂါလန် (၁၀၀၀၀)၊ ကွန်ကရစ်ရေစင်၊ ခြံစည်းရိုး(၁၅၀၀’ x ၇’)၊ ပြင်ပလျှပ်စစ် သွယ်တန်းခြင်းလုပ်ငန်း

(ခ) ၃ ထပ်စာသင်ဆောင်၁လုံးဆောက်လုပ်ခြင်း (၂၁၆’ x ၃၈’ ) ရေမီးအပါအဝင်၊ ကွန်ကရစ်လမ်း (၂၅၀’ x ၁၆’)

(ဂ) စာသင်ဆောင်များအတွက် ၈” ရေတွင်း (၈၀၀’) တူးဖော်ခြင်းနှင့် ဂါလန် (၃၀၀၀၀) ဆံ့ Ground Tank ၊ ဂါလန် (၁၀၀၀၀) ဆံ့ ကွန်ကရစ်ရေစင်၊ ရေစက်ရုံ (၁၂’ x ၈’) တည်ဆောက်ခြင်း၊ လမ်း၏အနောက်ဘက်ခြမ်း (၂၀ HP Pump & Motor Standby Pump & duty Pump With pump in main & distribution Pipe Line) ပြင်ပလျှပ်စစ်မီးအပါအဝင်

(ဃ) ဖူဆယ်ကွင်းတည်ဆောက်ခြင်း (၁၂၀’ x ၉၀’)

(င) (၄)ခန်းတွဲ(၄)ထပ် ဆရာ/ဆရာမဆောင်(၁)လုံး ဆောက်လုပ်ခြင်း R.C (၁၀၀’ x ၃၀’) ပြင်ပရေ ၄” ϕ အဝီစိတွင်း၊ ဂါလန် ၁၂၀၀၀ ဆံ့ မြေအောက်ရေလှောင်ကန် (၅.၅ HP Submersible Pump နှင့် အဆောက်အအုံ)၊ပြင်ပမီးသွယ်တန်းခြင်းအပါအဝင်

၂။ တင်ဒါစတင်ရောင်းချမည့်ရက်  -           ၁-၁၀-၂၀၂၀ ရက် (ကြာသပတေးနေ့)(ရုံးချိန်အတွင်း)

၃။ တင်ဒါပိတ်မည့်ရက်အချိန်       -           ၃-၁၁-၂၀၂၀ ရက် (အင်္ဂါနေ့)၊ ၁၆:၃၀ နာရီ

၄။ တင်ဒါလျှောက်လွှာဝယ်ယူရမည့်နေရာ  -           အင်ဂျင်နီယာဌာန၊ ရွှေဘိုတက္ကသိုလ်

၅။ အိတ်ဖွင့်တင်ဒါတင်သွင်းရမည့်နေရာ     -           အင်ဂျင်နီယာဌာန၊ ရွှေဘိုတက္ကသိုလ်

၆။ အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် မိမိတင်သွင်းလိုသည့်လုပ်ငန်းအတွက် သတ်မှတ်တင်ဒါ အာမခံကြေးကို ရွှေဘိုတက္ကသိုလ် ဘဏ္ဍာဌာနတွင် ကျသင့်ငွေပေးသွင်းပြီးငွေသွင်းပြေစာမိတ္တူကို သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံနှင့်အတူ ပူးတွဲ၍ တင်သွင်းရမည်။ လုပ်ငန်းတစ်ခုထက်ပိုမို၍ တင်ဒါတင်သွင်းလိုပါက မိမိတင်သွင်းလိုသည့် လုပ်ငန်းတစ်ခုချင်းအတွက် သတ်မှတ်တင်ဒါအာမခံကြေးကို ပေးသွင်းပြီး သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံတစ်ခုချင်းတင်သွင်းရမည်ဖြစ်ပါသည်။

၇။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း-၀၉-၃၃၇၁၆၅၇၇၊အင်ဂျင်နီယာဌာနသို့ ရုံးချိန် အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်၊၊

တင်ဒါခေါ်ယူရေးအဖွဲ့

ရွှေဘိုတက္ကသိုလ်

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us