ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လမ်း/တံတားဆောက်လုပ်ခြင်းလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်း

September 29, 2020
Views: 110
Tender ID: 11826
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: September 29, 2020 - October 27, 2020
တည်နေရာ: ရှမ်းပြည်နယ်
ဒေါင်းလုပ် လုပ်ရန်
ဖိုင်: 11092020_PaOh_NaTaLa.pdf
Description
- :

၁။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ရှမ်းပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော လမ်း/တံတားဆောက်လုပ်ခြင်းလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်ကာလအတွင်း အချိန်မီပြီးစီး ရန်အလို့ငှာ နိုင်ငံသားတိုင်းရင်းသားလုပ်ငန်းရှင်များထံမှမြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်း ရန်ဖိတ်ခေါ်အပ်ပါသည်။

၂။ အိတ်ဖွင့်တင်ဒါနှင့်စည်းကမ်းချက်များကို ၂၈-၉-၂၀၂၀ ရက်မှစတင်ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို ၂၇-၁၀-၂၀၂၀ ရက် ၁၆:၃၀ နာရီ နောက်ဆုံးထားပြန်လည်တင်သွင်းရန်ဖြစ်ပါသည်။

၃၊၊ အိတ်ဖွင့်တင်ဒါရောင်းချ/တင်သွင်းရမည့်လိပ်စာမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး ဟိုပုံးမြို့ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ဖုန်း-၀၈၁-၄၆၀၂၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us