ဓာတ်အားလိုင်းဆက်စပ်ပစ္စည်း၊ တာဝါတိုင်နှင့် ကွန်ကရစ်တိုင်များ၀ယ်ယူခြင်း (လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဓာတ်အားပေး စက်ရုံ တည်ဆောက်ခြင်း၊ ဓာတ်အားပေး လုပ်ငန်းများနှင့် ဆက်စပ်ပစ္စည်းများ |
တင်ဒါကာလ: October 2, 2020 - November 3, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန်ဖြူးရေးလုပ်ငန်းမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အောက်ပါပစ္စည်းများအားမြန်မာကျပ်ငွေ (Kyat) ဖြင့်ဝယ်ယူလိုပါသည်-

(က) JICA ODA Loan Regional Infrastructure Improvement Project (MY-P30) ဖြင့် ဆောင်ရွက်မည့် ချင်းပြည်နယ်၊ ကလေး-သိုင်းငင်-တီးတိန် ၆၆ ကေဗွီ Double Circuit လိုင်း (၃၂.၁) မိုင် တည်ဆောက်ရန် ၆၆ ကေဗွီလိုင်း တာဝါတိုင်နှင့် ဆက်စပ်ပစ္စည်းများဝယ်ယူရန်

(ခ) ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်ဖြင့်ဆောင်ရွက်မည့် ကျိုင်းတုံ-မိုင်းခတ် 66 kV Single Circuit လိုင်း (၄၁.၅) မိုင်၏ ဓာတ်အားလိုင်းဆက်စပ်ပစ္စည်းများ ဝယ်ယူရန်

(ဂ) ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ၆၆ ကေဗွီနှင့် ၃၃ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းအတွက် လိုအပ်သော ကွန်ကရစ်တိုင်နှင့် Steel Pole များအား Lot အလိုက် ဝယ်ယူရန်

တင်ဒါပိတ်မည့်ရက်        -           ၃-၁၁-၂၀၂၀ ရက်

တင်ဒါပိတ်မည့်အချိန်      -           မွန်းတည့် ၁၂ နာရီ

၂။ တင်ဒါပုံစံနှင့်အချက်အလက်များကို သတ်မှတ်နှုန်းထားအတိုင်းဝယ်ယူ၍ သတ်မှတ်ရက်အတိုင်း လျှောက်ထားရမည်။

၃။ အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်း-၀၆၇-၈၁၀၄၂၄၄၊ ၀၆၇-၈၁၀၄၂၄၅၊ Fax-၀၆၇-၈၁၀၄၂၄၆ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါကော်မတီ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us