၀န်ထမ်းအိမ်ရာတည်ဆောက်ခြင်းလုပ်ငန်းများနှင့် ရုံးသုံးစက်ပစ္စည်းများ (Computer, Printer, Copier (Cannon)) ၀ယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: September 30, 2020 - November 3, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းဦးစီးရုံးမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တိုင်းဒေသကြီး၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အောက် ဖော်ပြပါ စီမံကိန်းဦးစီးရုံးများဆောက်လုပ်ခြင်း၊ ရုံးသုံးစက်ကိရိယာများနှင့် အခြားရုံးသုံးပစ္စည်းများ ဝယ်ယူခြင်းအတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

အဆောက်အဦ

Lot(1)  -           ခရမ်းမြို့နယ် စီမံကိန်းဦးစီးရုံး (၄၀*၅၂*၁၂)ပေ သံကူကွန်ကရစ် RCC တစ်ထပ်ဆောက် လုပ်ခြင်း (၁၀’ * ၁၂’ ပေါ်တီကို အပါအဝင်) နှင့် ဝန်ထမ်းအိမ်ရာ(၃၁*၁၂*၂၀)ပေ သံကူကွန်ကရစ်ဆောက်လုပ်ခြင်း၊ ခြံစည်းရိုး၊ Box Culvert ၊ ရုံးဝင်းအတွင်းမြေဖို့ခြင်း၊ ရေ၊ မီး၊ ရုံး အဝင်လမ်းလုပ်ငန်းများ

Lot(2)  -           လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စီမံကိန်းဦးစီးရုံး (၄၀*၄၂*၁၂)ပေ သံကူကွန်ကရစ် RCC တစ်ထပ်ဆောက် လုပ်ခြင်းနှင့် ဝန်ထမ်းအိမ်ရာ(၂၅*၅၁)ပေ သံကူကွန်ကရစ် (၂)ခန်း တွဲ (၄)ထပ်ဆောက်လုပ်ခြင်း (ရေ၊မီး ၊ရုံးနှင့် အိမ်ရာအဝင်လမ်း၊ ခြံစည်းရိုး)

Lot(3)  -           တောင်ပိုင်းခရိုင် စီမံကိန်းဦးစီးရုံး အကြီးစားပြင်ဆင်ခြင်း

Lot(4)  -           ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စီမံကိန်းဦးစီးရုံး အကြီးစားပြင်ဆင်ခြင်း

Lot(5)  -           ရွှေပြည်သာမြို့နယ် စီမံကိန်းဦးစီးရုံး အကြီးစားပြင်ဆင်ခြင်း

Lot(6)  -           ရုံးသုံးစက်ကိရိယာများ

(က) Computer, Printer, UPS-1 Set (၂၅) စုံ

(ခ) Copier (Cannon) (၅) လုံး

တင်ဒါပိတ်မည့်ရက်        -           ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၃ ရက်၊ ၁၆:၃၀ နာရီ

တင်ဒါဖွင့်မည့်ရက်          -           ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်၊ နံနက် ၁၀:၀၀ နာရီ

လျှောက်လွှာဝယ်ယူခြင်းနှင့် တင်ဒါတင်သွင်းရမည့်နေရာ      -           ရန်ကုန်တိုင်းဒေသကြီးစီမံကိန်းဦးစီးရုံး                                                                                                    ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်း၊ အလုံလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

၂။ တင်ဒါပုံစံများအား ရန်ကုန်တိုင်းဒေသကြီးစီမံကိန်းဦးစီးရုံး၊ စီမံရေးရာ/ငွေစာရင်းဌာနတွင် ကြော်ငြာပါသည့်ရက်မှစ၍ ဝယ်ယူနိုင်ပါသည်။

၃။ တင်ဒါကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းနံပါတ်-၀၁-၈၃၀၁၂၅၆၊ ၀၁-၈၃၀၁၂၅၇၊ ၀၁-၈၃၀၂၀၁၃၊ ၀၉-၅၁၉၀၉၁၇ နှင့် ၀၉-၄၂၀၁၆၇၀၁၄ တို့ကိုရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အိတ်ဖွင့်တင်ဒါခေါ်ယူရေးအဖွဲ့

ရန်ကုန်တိုင်းဒေသကြီးစီမံကိန်းဦးစီးရုံး

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us