ထားဝယ်တက္ကသိုလ်တွင် စာသင်ဆောင်၊ ကျောင်းသူ/သားအိပ်ဆောင်၊ အရာထမ်းအိမ်ရာ၊ အားကစားရုံ အစရှိသည့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် တင်ဒါခေါ်ယူခြင်း

September 30, 2020
Views: 174
Tender ID: 11864
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 1, 2020 - November 1, 2020
တည်နေရာ: တနင်္သာရီတိုင်းဒေသကြီး
Description
- :

၁။ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ထားဝယ်တက္ကသိုလ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ပြည်ထောင်စု(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် အောက်ဖော်ပြပါလုပ်ငန်းများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် တရားဝင် မှတ်ပုံတင်ထားသည့် မြန်မာနိုင်ငံသား(အမည်ပျက်စာရင်းတွင်မပါသည့်) လုပ်ငန်းရှင် ကုမ္ပဏီများထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

 

(က) ၃ ထပ်စာသင်ဆောင်၁လုံးဆောက်လုပ်ခြင်း (၂၁၆’ * ၃၈’ ) RC (ရေမီးအပါအဝင်)

(ခ) ကျောင်းသူအိပ်ဆောင် (၄) ထပ် (၁) လုံးဆောက်လုပ်ခြင်း RC (၂၉၇’ * ၃၂’) (၃၈၀၁၆ စ/ပေ) (ရေမီးအပါအဝင်)၊ ထမင်းစားဆောင်+စားဖိုဆောင်(၁၂၂’ * ၄၈’)(၅၈၅၆ စ/ပေ) ၊လမ်း (၂) လမ်း၊ ၆ လက်မအဝီစိတွင်း၊ ဂါလန် ၂၀၀၀ ဆံ့ Ground Tank Chain link Fencing (၁၀၀၀၀’) အပါအဝင်

(ဂ) (၈) ခန်းတွဲ (၄) ထပ် အရာထမ်း အိမ်ရာ (၁) လုံးဆောက်လုပ်ခြင်း (၁၂၀’ *၅၀’) (RCC ရေမီးအပါအဝင်) Spetic Tank, Ground Tank ၂၀၀၀၀, Over Head Tank ၃၀၀၀, (၄” အဝီစိတွင်းအပါအဝင်) (၂၄၀၀၀ စ/ပေ)

(ဃ) (၆) ခန်းတွဲ (၁) ထပ်ဆိုင်ခန်းဆောက်လုပ်ခြင်း (၁၂၀’ * ၅၀’) (RCC ရေမီးအပါအဝင်) (၃၀၀၀ Gal Ground Tank, MS Steel Trestle, (၆) ခန်းတွဲရေလောင်းအိမ်သာ ဆောက်လုပ်ခြင်းအပါအဝင် (၆၀၀၀ စ/ပေ)

(င) မိုးလုံလေလုံအားကစားရုံအသစ်တည်ဆောက်ခြင်းလုပ်ငန်း (၂၁၀’ * ၁၂၀) ရေမီးအပါအဝင် (Steel Structure)

(စ) လမ်းမီးတိုင်များတပ်ဆင်ခြင်း

(ဆ) ပင်မဆောင်အမိုးအကြီးစားပြင်ဆင်ခြင်းလုပ်ငန်း (၅၂၀၉၆.၆၇ စ/ပေ)

၂။ တင်ဒါလျှောက်လွှာပုံစံများစတင် ရောင်းချမည့်ရက်        -           ၁-၁၀-၂၀၂၀ ရက် (ရုံးချိန်အတွင်း)

တင်ဒါလျှောက်လွှာပိတ်ရက်/ အချိန်                                  -           ၁-၁၁-၂၀၂၀ ရက်၊ ညနေ ၄ နာရီ

တင်ဒါလျှောက်လွှာဝယ်ယူ တင်သွင်းရမည့်နေရာ                -           ထားဝယ်တက္ကသိုလ်၊ အင်ဂျင်နီယာဌာန

၃။ အိတ်ဖွင့်တင်ဒါတင်သွင်းရန် အသေးစိတ်အချက်အလက်များ သိရှိလိုပါက ရုံးချိန်အတွင်း ထားဝယ်တက္ကသိုလ်၊ အင်ဂျင်နီယာဌာန ဖုန်း- ၀၉-၄၂၅၂၈၈၁၉၈၊ ၀၉-၄၂၀၇၅၄၈၇၄ တို့သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us