တမံဖို့ရာတွင် အသုံးပြုမည့် River Bed Material (၁၅၀၀၀၀) ကျင်း ၀ယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: October 1, 2020 - November 3, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ သူဌေးရေအားလျှပ်စစ်စီမံကိန်းတွင် အောက်ပါလုပ်ငန်းအား ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင် ကုမ္ပဏီများသိူ့ မြန်မာကျပ်ငွေဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်လိုပါသည်-

(က) တမံဖို့ရာတွင် အသုံးပြုမည့် River Bed Material (၁၅၀၀၀၀) ကျင်းအားဌာန စုပုံကွင်းအရောက် စုဆောင်းခြင်း (ပေ ၂၅၀၀၀ အတွင်းတူး၊ တင်၊ သယ်၊ စုပုံခြင်း) (TenderNo.02/DHPI (P & W)/2020-2021)

၂။ တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို အောက်ပါလိပ်စာတွင် ရုံးချိန်အတွင်း လာရောက်စုံစမ်းဝယ်ယူနိုင်ပါသည်။ လာရောက်ဝယ်ယူရာတွင် ကုမ္ပဏီတစ်ခုလျှင် ကိုယ်စားလှယ် (၁) ဦးသာ Covid-19 ရောဂါဆိုင်ရာ အကာအကွယ် (Mask နှင့် Face Shield) များဝတ်ဆင်၍ လာရောက်ဝယ်ယူ ပေးပါရန် မေတ္တာရပ်ခံပါသည်။

တင်ဒါပုံစံစတင်ရောင်းချမည့်ရက် -           ၁-၁၀-၂၀၂၀ ရက်မှ ၇-၁၀-၂၀၂၀ ရက်အထိ

တင်ဒါပုံစံရောင်းချမည့်အချိန်        -           ရုံးဖွင့်ရက် ၁၃:၀၀ နာရီမှ ၁၄:၃၀ နာရီ အတွင်း

တင်ဒါပုံစံရောင်းချမည့်နေရာ        -           ရုံးအမှတ် (၂၇) ၊ရှေ့အဝင်ဂိတ်

တင်ဒါအဆိုပြုလွှာတင်သွင်းရမည့်ရက်       -           ၃-၁၁-၂၀၂၀ ရက် (၁၃:၀၀) နာရီ၊  လက်ထောက်ညွှန်ကြားရေးမှူး (၅)၊ ရုံးအမှတ်(၁)တည်ဆောက်ရေး၊ ပန်းခင်းလမ်း၊ ပန်းခင်း(၂)ရပ်ကွက်၊ ပျဉ်းမနားမြို့

၃။ တင်ဒါကြော်ငြာပုံစံကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ www.moee.gov.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန

ရုံးအမှတ်(၂၇)၊နေပြည်တော်

ဖုန်း-၀၆၇-၈၁၀၄၁၈၄၊ ၈၁၀၄၂၉၈

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us